Delivery van ကားများ ဒဏ်ကြေးသတ်မှတ်ထားခြင်းကို ကြီးကော်က ပြန်လည်ဆုံးဖြတ်မည်

0

Full article

Delivery van ကားများ အုပ်စု C နှင့် D အပေါ် ဒဏ်ကြေးသတ်မှတ်ထားခြင်းကို မော်တော်ယာဉ် တင်သွင်းခြင်းနှင့်သက်ဆိုင်သော ကြီးကြပ်မှုကော်မတီတွင် ပြန်လည်ဆုံးဖြုတ်သွားမည် ဖြစ်ကြောင်း သိရသည်။

 မတ်လ ၃၁ ရက်တွင် ပြုလုပ်ခဲ့သော ကြီးကော်အစည်းအဝေးတွင် delivery van ကားများဖြစ်သည့် အုပ်စု C ကို 1/2 AV ဒဏ်ကြေးသတ်မှတ် ထားခဲ့ပြီး အုပ်စု D ကားများကို 1/AV ဒဏ်ကြေး သတ်မှတ်ထားခဲ့ရာ ကားတင်သွင်းသူများအတွက် ဒဏ်ကြေးသတ်မှတ်မှုများပြားလွန်းကြောင်း လာရောက်တင်ပြမှုကြောင့် ပြန်လည်ဆွေးနွေး ဆုံးဖြတ်သွားမည်ဟု သိရသည်။

" Delivery van ကားတွေကို ဒဏ်ကြေးသတ်မှတ်ထားတာပြန်လည်ဆွေးနွေးဖို့တော့ရှိပါတယ်။ ကားတင်သွင်းသူတွေကလည်း ဒဏ်ကြေးအရမ်းများလို့ လာတင်ပြထားတာရှိကြတယ်။ လောလောဆယ်တော့ အုပ်စု C ကို နယ်စပ်မှာ ယာဉ်စစ်ခွင့်ပြုပေးထားပါတယ်။ အားလုံး ပြန်ဆွေးနွေးပြီး ဆုံးဖြတ်သတ်မှတ်ရမှာပါ။"ဟု မော်တော်ယာဉ် တင်သွင်းခြင်းနှင့်သက်ဆိုင်သော ကြီးကြပ်မှုကော်မတီ၏ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ပြည်ပမှ တင်သွင်းလာသော delivery van ကားများမှာ ယခင်က သတ်မှတ် ၄ ချက်နှင့် အညီတင်သွင်းရန် သတ်မှတ်ထားခဲ့ပြီး ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနက မူလစက်ရုံထုတ် original delivery van ဖြစ်ရမယ်ဟု ပြန်လည်သတ်မှတ်ခဲ့ပြီးနောက် အမိန့်မထွက်ခင် တင်သွင်းလာသောကားများရှိနေခဲ့ရာ ကားအစီးရေ ၂ဝဝဝ ခန့်ကို စစ်ဆေးရေးအဖွဲ့ဖွဲ့စည်း၍ ပြန်လည်စစ်ဆေးမှုများပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Regulation

Author