ဆိပ်ကမ်းများမှ တင်သွင်းထားရှိသည့် အကြောင်းအမျိူးမျိူးကြောင့် စစ်ဆေးရန် ကြာမြင့်နေခဲ့သော delivery van ကားများကို သက်ဆိုင်ရာအဖွဲ့ထံ အထောက်အထား အပြည့်အစုံဖြင့် တင်ပြလာပါက ဆိပ်ကမ်းထားခဒဏ်ကြေးများ ကင်းလွတ်ခွင့်ပေးသွားမည်ဖြစ်ကြောင်း ဆိပ်ကမ်းအာဏာပိုင်ထံမှ သိရသည်။
နယ်စပ်မှတင်သွင်းထားသော ကားများမှာ ပြသာနာမရှိသော်လည်း သင်္ဘောများဖြင့် ဆိပ်ကမ်းများက တင်သွင်းထားရှိသော delivery van ကားများမှာ အငြင်းပွားဖွယ် အခြေအနေများရှိနေရာ အစိုးရဌာနများ၏ စစ်ဆေးမှုကာလမှာ ၃ လနီးပါးရှိနေပြီး ကားများထုတ်ယူရာတွင် ဆိပ်ကမ်းထားခဒဏ်ကြေးများ ထပ်မံပေးဆောင်ရပါက ကားတင်သွင်းသူများ နစ်နာမှုများရှိလာနိုင်ကြောင်းသိရသည်။
" ဆိပ်ကမ်းထားခဒဏ်ကြေးကင်းလွတ်ဖို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို အထောက်အထား အပြည့်အစုံတင်ပြရင် ကင်းလွတ်ခွင့် ပေးပါတယ်။ အမှုမပြတ်သေးတာတို့ အကြောင်းကြောင်းကြောင့် ကားထုတ်လို့မရတာတွေကို အရင်ကလည်း ဆိပ်ကမ်းထားခ ကင်းလွတ်ခွင့် ပေးခဲ့တာရှိတယ်။"ဟု ဆိပ်ကမ်းအာဏာပိုင် အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။
Delivery van ကားများမှာ ယခင် ၂ဝ၁၈ ဖေဖေါ်ဝါရီလအတွင်းက တင်သွင်းလာခဲ့သော ကားများဖြစ်ပြီး အစိုးရ ဌာနများ၏ စစ်ဆေးမှုမှာကြာမြင့်ခဲ့ရာ ကားများပြန်လည်ထုတ်ယူရာတွင် ဆိပ်ကမ်းဒဏ်ကြေးသည် ရက်အလိုက်ဆတိုးမြင့်တက်လာခြင်းကြောင့် ၁၈ သိန်းနီးပါးအထိကျသင့်နိုင်ကြောင်း သိရသည်။
Regulation