Delivery Van ကားမဟုတ်သော လူစီးကား လိုင်စင် amendment ပြုလုပ်တင်သွင်းနေသောဖိုင်များ သက်ဆိုင်ရာအဖွဲ့ ရုံးချုပ်ထံတင်ပြပြီးမှ ထုတ်ယူခွင့်ပေးမည်

0

Full article

Delivery Van ကားမဟုတ်သော လူစီးကားလိုင်စင်များနှင့် amendment ပြုလုပ်တင်သွင်းနေသော ဖိုင်များကို သက်ဆိုင်ရာအဖွဲ့ ရုံးချုပ်များထံတင်ပြပြီးမှ ထုတ်ယူခွင့်ပေးသွားမည်ဖြစ်ကြောင်း နယ်စပ်က ကားတင်သွင်းသူများက နေသိရပါသည်။

လူစီးကားလိုင်စင်များဖြစ်တဲ့ Alphard, Noah, Voxy, vellfire စတဲ ကားများကို Delivery Van အဖြစ်နှင့် ပြန်ပြုပြင်ပြီး တင်သွင်းလာသော ကားများကို သက်ဆိုင်တဲ ရုံးချူပ်များဖြစ်သည့် ကုန်သွယ်ရေး၊ ကညန နှင့် ကာစတန်ဌာန များကို ပြန်တင်ပြရန် သတ်မှတ်ထားကြောင်း သိရသည်။

"ပုံမှန် Delivery van ကားနဲ့တင်သွင်းလာတာကိုတော့ ပေးပါတယ်။ ကျန်တဲ့ကားတွေသွင်းလာတာကိုတော့ မပေးတော့ဘူး။ ရုံးချူပ်ကို တင်ပြရမယ်လို့ ကြားတယ်။အပေါ်က နေပြန်စစ်ဆေးပြီးမှဘဲ ပြန်ကျမယ်လို့လည်း သိရတယ်။ NV 200 ကားတွေဆို အရင်ထဲက Delivery van ထဲဝင်လို့ ပေးနေပါတယ်။ " ဟု နယ်စပ်ကားတင်သွင်းနေသူတစ် ဦးက ဆိုသည်။

Delivery Van ကားဖြစ်၊ မဖြစ်ကို အချက်လေးချက်ဖြင့် သတ်မှတ်ထားသော်လည်း မူဝါဒ တိကျစွာ ထုတ်ပြန်ထားခြင်း မရှိ၍ လူစီးကားများကို DV အနေနှင့် ပြန်ပြင်ဆင်တင်သွင်း လာခြင်းဖြစ်ပြီး တင်သွင်းလို့ရသည့် ကားအမျိူးအစား ခွဲခြားကာ တိကျသော မူဝါဒကို ထုတ်ပြန်ပေးရန်လိုအပ်ကြောင်း သိရသည်။

Author