လူစီးကားများကို delivery van အဖြစ် ပြင်ဆင်တင်သွင်းလာမှုအပေါ် သတ်မှတ်ချက် ကိုက်ညီမှုရှိ၊ မရှိ ကားစစ်ဆေးရမည့် သူသာ တာဝန်ရှိဟု စီးကူးညွန်မှူးပြောကြား

0

Full article

လူစီး Mazda Biante ကားများကို လုပ်ငန်းသုံး delivery van အဖြစ် ပြင်ဆင်တင်သွင်းနေမှုသည် ညွန်ကြားချက်မရှိထား၍ လိုင်စင်ထုတ်ပေးနေရပြီး delivery van ယာဉ်အဖြစ် ကိုက်ညီမှုရှိ၊ မရှိကို စစ်ဆေးရမည့်သူတွင်သာ တာဝန်ရှိကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက သိရသည်။

" delivery van သွင်းတာက သတ်မှတ်ချက်ရှိပြီးသားပါ။ အပြင်မှာထွက်နေတဲ့ Biante ကားကို လိုင်စင်မထုတ်ပေးရ ဘူးဆိုတဲ့ ညွန်ကြားချက်ထွက်ထားတာလည်းမရှိပါဘူး။ delivery van အချက်တွေကိုက်ညီ၊ မညီဆိုတာ စစ်ဆေးတဲ့သူမှာပဲ တာဝန်ရှိပါတယ်။"ဟု စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ လိုင်စင် ပါမစ်ထုတ်ပေးရေးဌာန ညွန်ကြားရေးမှူးက ပြောပါတယ်။

ဂျပန်နိုင်ငံမှ Mazda Biante ကားများ မြဝတီ နယ်စပ်ကနေတစ်ဆင့် တင်သွင်းရာတွင် delivery van သတ်မှတ်ထားသော အချက်အတိုင်း ပြည့်စုံပါက ကားတင်သွင်းခွင့်ပြု လိုင်စင်ပါမစ် ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

delivery van သွင်းကုန်လိုင်စင် ထုတ်ပေးရာတွင် သတ်မှတ်ချက်များတွင် (က) နောက်ဘော်ဒီတွင် သံပြားအသေ ပိတ်(အလုံပိတ်) ပုံစံဖြစ်ရမည်။ (ခ) driver အခန်းနှင့် နောက်ဘော်ဒီအကြား ကန့်ထားသည့်အကန့်ပုံစံပါရှိရမည်။ (ဂ) ကုန်တင်ရန် ရည်ရွယ်ထားသည့်အတွက် နောက်ဘော်ဒီကြမ်းခင်း တပြေးညီဖြစ်ရမည်။ (ဃ) နောက်ခန်းတွင် ထိုင်ခုံပါရှိခြင်းမရှိစေရဟု သတ်မှတ်ထားရှိကြောင်းသိရသည်။

M-01

Author