ဆိပ်ကမ်းတွင်ရှိသော delivery van ကားများ အုပ်စု ၃ စု ခွဲပြီး စိစစ် ခွင့်ပြုပေးရန်ရှိ

0

Full article

ဆိပ်ကမ်းတွင်ရှိနေသော delivery van ကားများ အုပ်စု ၃ စု ခွဲပြီး စိစစ် ခွင့်ပြုပေးရန်ရှိရာ Wagon Chassic များနှင့် delivery van ကားများကို သိမ်ဆည်းသွားရန်ရှိကြောင်း အကောက်ခွန်ဦးစီးဌာန ကသိရသည်။

ထိုကဲ့သို့ ဆိပ်ကမ်းတွင် ရောက်နေသော delivery van ကားများအုပ်စု ၃ စု ခွဲရာတွင် မူလစက်ရုံထုတ် orginal delivery van ကားများ၊ သတ်မှတ်ချက် ၄ ချက်ဖြင့်ကိုက်ညီသောကြောင့် တင်သွင်းလာသော van chassic ကားနှင့် wagon chassic ကားများဟူ၍ ခွဲခြားသတ်မှတ်သွားမည်ဖြစ်ကြောင်း သိရသည်။

" delivery van ကားတွေကိုတော့ အုပ်စု ၃ စု ခွဲထားပါတယ်။ van chassic နဲ့သွင်းလာတဲ့ကားတွေကို ပြန်ခွင့်ပြုပေးဖို့ ဆွေးနွေးနေပါတယ်။ မူလစက်ရုံထုတ် orginal delivery van အမှန် ကားဆိုရင်တော့ခွင့်ပြု ထုတ်ပေးနေပါပြီ။ "ဟု အကောက်ခွန်ဦးစီးဌာနကတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယခင်က သတ်မှတ်ချက် ၄ ချက်ဖြင့် ကိုက်ညီသောကြောင့် တင်သွင်းလာသော delivery van ကားများစွာအနက် ဆိပ်ကမ်းတွင် ထုတ်ယူ၍ မရသော ကားအများအပြား ရှိနေပြီး ဆိပ်ကမ်းဒဏ်ကြေးများကို ပေးဆောင်နေရသည်မှာလည်း တစ်လ နီးပါးရှိပြီဖြစ်ကြောင်း သိရသည်။

Regulation

Author