Delivery van အုပ်စု C နှင့် D ပါကားများ လိုင်စင်ပါဈေးအတိုင်းဒဏ်ကြေးပေးဆောင်ခွင့်ပြုမည်

0

Full article

ပြည်ပမှတင်သွင်းလာသော delivery van အုပ်စု C နှင့် D ပါ ကားများကို လိုင်စင်ပါဈေးအတိုင်းဒဏ်ကြေးပေးဆောင်ခွင့်ပြုမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနကသိရသည်။

Delivery van ကားများဖြစ်သော အုပ်စု C နှင့် D ပါကားများမှာ လူစီးအုပ်စုဝင်ကားများဖြစ်၍ လိုင်စင်ပါဈေးအတိုင်း( လူစီးအခွန်နှုန်းထား အတိုင်း) 1/AV ဒဏ်ကြေးပေးဆောင်ရမည်ဖြစ်ကြောင်းသိရသည်။

" Delivery van အုပ်စု C ရော၊ D ရော လိုင်စင်ပါ OSS ဈေးအတိုင်း လာရောက်ပေးဆောင်ရမှာပါ။ အုပ်စု D က လူစီးဈေးနဲ့ပြောင်းကောက်မှာပါ။ သတ်မှတ်ထားတဲ့ ဒဏ်ကြေးက အုပ်စု C ကို 1/4 AV နဲ့ အုပ်စု D ကို1/AV ဒဏ်ကြေးလူစီးအခွန်သတ်မှတ်ထားပါတယ်။"ဟု အကောက်ခွန်ဦးစီးဌာနက တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

ဆိပ်ကမ်းများနှင့် နယ်စပ်ဒေသက တင်သွင်းလာသော delivery van ကားအုပ်စု C တွင်ပါဝင်သည့် ကားများကို 1/4 AV ဒဏ်ကြေးနှင့် အုပ်စု D တွင်ပါဝင်သည့်ကားများကို 1/AV ဒဏ်ကြေးသတ်မှတ်ထားရှိခဲ့ရာ အုပ်စု C ရှိ Hiace/Vanette/Caravan ကားများအား 1/4 AV ဒဏ်ကြေးမှာ ၁၉ သိန်းကနေ သိန်း ၄ဝ နီးပါးကျသင့်မည်ဖြစ်ပြီး အုပ်စု D ကားများအား 1/AV ဒဏ်ကြေးသတ်မှတ်ထားမှုမှာ သိန်း ၁၄ဝ အထိကျင့်သင့်မည်ဖြစ်ကြောင်း သိရသည်။

အုပ်စု C ကို ထုတ်ယူရမည့်ကားအစီးရေ ဆိပ်ကမ်းတွင် ၃၃ဝ ကျော် ရှိပြီး နယ်စပ်တွင် ကားအစီးရေ ၆ဝဝ ကျော်နှင့် အုပ်စု D တွင်ကားထုတ်ယူရမည့် အစီးရေ ၁,၅၉၉ စီးရှိနေကြောင်း သိရသည်။
Regulation

Author