စက်ရုံထုတ် delivery van အုပ်စု A နှင့် B ရှိကားများကို အနည်းငယ်ပြန်လည်ပြုပြင်ထားပါက ယာဉ်မှတ်ပုံတင်ပြုလုပ်ပေးမည်မဟုတ်

0

Full article

မူလစက်ရုံထုတ်အဖြစ်သတ်မှတ်ထားသော original delivery van အုပ်စု A နှင့် B တွင်ပါဝင်သောကားများကို အကောက်ခွန်ဌာနက ဆိပ်ကမ်းမှ ထုတ်ယူခွင့်ပေးလျက်ရှိသော်လည်း အနည်းငယ်ပြန်လည်ပြုပြင်ထားပါက ယာဉ်မှတ်ပုံတင် ပြုလုပ်မပေးမှုများရှိနေကြောင်း delivery van ကားတင်သွင်းသူများကဝေဖန်ပြောဆိုနေကြသည်။

"ကြီးကော်က delivery van အုပ်စု A နဲ့ B ကို စက်ရုံထုတ် delivery van ဖြစ်တယ်ဆိုပြီးတော့ သတ်မှတ်ထားလို့ ကားကို ဆိပ်ကမ်းကနေထုတ်ခွင့်ပေးလိုက်တာ။ ဆိပ်ကမ်းက ထုတ်ပြီး ကားအဲယားကွန်းလေ မကောင်းလို့ နည်းနည်းပြင်လိုက်တာကို ကညနက ယာဉ်မစစ်ပေးဘူး။ ကားကိုအနည်းငယ်ပြုပြင်ပါတယ်ဆိုပြီး အထက်ကို ရေးတင်လိုက်တယ်။ original delivery van ကားဆိုတာ ကြည့်တာနဲ့သိတယ်။ လိမ်လို့မရဘူး။ မူလစက်ရုံထုတ် ပုံစံကို ပြုပြင်တာလည်းမဟုတ်ဘူး။ ကားအဲယားကွန်းပြင်တာနဲ့ အနည်းငယ်ပြင်တယ်ဆိုပြီး ယာဉ်စစ်မပေးတာတော့ အရမ်းတရားလွန်သွားပြီ။ "ဟု မူလစက်ရုံထုတ် delivery van ကားများတင်သွင်းလာသူ ဦးစိုင်းမာန်က ဝေဖန်ပြောဆိုခဲ့သည်။

Delivery van ကားများကို အုပ်စု A,B,C နှင့် D ၄ စု ခွဲထားရှိပြီး အုပ်စု Aနှင့် B တွင် ပါဝင်သည့် ကားအစီး ၇၅ စီး ကို ဒဏ်ကြေးကင်းလွတ်ခွင့်ပေး၍ ဆိပ်ကမ်းမှကားထုတ်ယူခွင့်ပေးနေလျက်ရှိရာ အုပ်စု C တွင် ပါဝင်သည့် ကားအစီး ၃၃၁ စီး ကို 1/2 AV ဒဏ်ကြေးသတ်မှတ် ထားရှိကြောင်း သိရသည်။

Author