Delivery van အုပ်စု D လူစီးအုပ်စုဝင် ကားများ ဒဏ်ကြေးသတ်မှတ်ထားသော်လည်း CIF တန်ဖိုးမသတ်မှတ်ထား၍ကားများထုတ်ယူခွင့်မရ

0

Full article

နယ်စပ်က တင်သွင်းထားရှိသော delivery van အုပ်စု D လူစီးအုပ်စုဝင် ကားများ ဒဏ်ကြေးသတ်မှတ်ထားသော်လည်း CIF တန်ဖိုးမသတ်မှတ်ထား၍ ကားများဒဏ်ကြေးဆောင် ထုတ်ယူခွင့်မရဘဲ ရှိနေကြောင်း မြဝတီမြို့မှdelivery van ကားတင်သွင်းသူများက ပြောဆိုနေကြသည်။

Delivery van ကားများဖြစ်သော အုပ်စု D ပါကားများမှာ လူစီးအုပ်စုဝင်ကားများဖြစ်ပြီး ၂ဝဝ၈ မိုဒယ်မှ ၂ဝ၁၁ မိုဒယ်အထိတင်သွင်းလာသောကားများဖြစ်ရာ လက်ရှိမိုဒယ်သတ်မှတ်ချက်အရ CIF တန်ဖိုးသတ်မှတ်ထားမှုမရှိသေး၍ ဒဏ်ကြေးအတိုင်း ကားများထုတ်ယူလို့မရသေးကြောင်း သိရပါသည်။

" သူတို့သတ်မှတ်ထားတဲ့ ဒဏ်ကြေးအတိုင်းကိုပဲ 1/AV နဲ့ဆောင်ဖို့သွားမေးတာ CIF တန်ဖိုးမရှိသေးလို့ တင်ပြထားတယ်ပြောတယ်။ အခုထိဒီကားတွေက ထုတ်ချင်တာတောင် ထုတ်လို့မရဘူးဖြစ်နေတယ်။ ဒဏ်ကြေးကလည်းရိုက်ထားတာအရမ်းများတယ်။ ၈ လပိုင်းအကုန်ဆိုရင် ဒီကားတွေ က ယာဉ်စစ်ခွင့်မပေးတော့ဘူးပြောတယ်။ အကုန်လုံးလိုင်စင်မဲ့ကားတွေဖြစ်ကုန်ဖို့တောင်များနေပြီ။ ဒဏ်ကြေးသတ်မှတ်တော့လည်း အခွန်ဆောင်ပြီး ကားထုတ်လို့မရဘူးဆိုတော့ မဖြစ်သင့်ဘူး။ "ဟု မြဝတီမြို့မှ delivery van ကားတင်သွင်းသူ ဦးမိုးနိုင် က ဆိုသည်။

နယ်စပ်တွင်တင်သွင်းထားရှိသော delivery van အုပ်စု D ကို 1/AV လူစီးကားအဖြစ် ဒဏ်ကြေးသတ်မှတ်ထားပြီး ကားထုတ်ယူရမည့် အစီးရေ ၁,၅၉၉ စီးရှိနေကြောင်း သိရသည်။

Market News

Author