ကြီးကော်အစည်းအဝေးတွင် ဆုံးဖြတ်ထားသော delivery van အုပ်စု C ကားများ ဒဏ်ကြေးပြန်လည်လျှော့ပေးရန် အကြံပြုချက်တောင်းခံပြီ

0

Full article

နယ်စပ်နှင့်ဆိပ်ကမ်းများက တင်သွင်းထားရှိသော delivery van အုပ်စု C ကားများ ဒဏ်ကြေးပြန်လည်လျှော့ပေးရန် ကြီးကော်မှ မော်တော်ယာဉ်နှင့် ပတ်သက်သည့် ဌာနဆိုင်ရာများထံသို့ အကြံပြုချက်တောင်းခံထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သိရသည်။

မတ်လ ၃၁ ရက်တွင် ပြုလုပ်ခဲ့သော မော်တော်ယာဉ် တင်သွင်းခြင်းနှင့်သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်မှု ကော် မတီ အစည်းအဝေးတွင် delivery van ကားများဖြစ်သည့် အုပ်စု C ကို 1/2 AV ဒဏ်ကြေးသတ်မှတ်ထားခဲ့ပြီး အုပ်စု D ကားများကို 1/AV ဒဏ်ကြေး သတ်မှတ်ထားခဲ့ရာ ကားတင်သွင်းသူများအတွက် ဒဏ်ကြေးသတ်မှတ်မှုများပြားလွန်း၍ လာရောက်တင်ပြမှုများရှိလာသောကြောင့် ဒဏ်ကြေးသတ်မှတ်ထားမှုများကို ဖြေလျှော့ပေးရန် အကြံပြုချက်တောင်းခံထားပြီး ပြန်လည်ဆွေးနွေး ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။

" မနေ့က delivery van အုပ်စု C ကို ဒဏ်ကြေးဖြေလျှော့ဖို့ အကြံပြုချက် တောင်းထားတာရှိတယ်။ ဒါကလည်း အစည်းအဝေးမှာ ပြန်ဆွေးနွေးသွားမလားဆိုတာတော့ မသိဘူး။ အားလုံး ပြန်ဆွေးနွေးပြီး ဆုံးဖြတ်သတ်မှတ်ရမှာပါ။ သတ်မှတ်ချက် ၄ ချက်နဲ့ညီတဲ့ ကားတွေကို ဘယ်လို ဒဏ်ကြေးနဲ့ သတ်မှတ်မယ်ဆိုတာကို ဆွေးနွေးရမှာပါ။"ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှသိရသည်။

ယာဉ်စစ်ဆေးပြီး အုံနာဘုတ်မရရှိသေးသော delivery van ကားများကိုလည်း ပြန်လည်ဆွေးနွေးသွားမည် ဖြစ်ရာ အုံနာဘုတ်မရသေးသော ကားအစီး ၁၉၄ စီးရှိနေပြီး ဆိပ်ကမ်းတွင် delivery အုပ်စု C ကားအစီးရေ ၃၃၈ စီးနှင့် နယ်စပ်တွင် ကားအစီးရေ ၆ဝဝ နီးပါးရှိနေသေးကြောင်း သိရသည်။

Update news
Regulation

Author