Delivery Van အုပ်စု C နှင့် D ရှိကားများကို ဒဏ်ကြေးအသီးသီးလျှော့ပေါ့ပြင်ဆင်ပေးရန် အကောက်ခွန်ဦးစီးဌာနမှ ကြီး/ကော်ထံတင်ပြ

0

Full article

ဆိပ်ကမ်းနှင့် နယ်စပ်မှ တင်သွင်းထားရှိသော delivery van အုပ်စု C ကားများကို 1/12 AV နှင့် အုပ်စု D ကားများ 1/2 AV အထိ ဒဏ်ကြေးလျှော့ပေါ့ပြင်ဆင်ပေးရန် အကောက်ခွန်ဦးစီးဌာနမှ ကြီး/ကော်ထံတင်ပြထားရှိကြောင်း သိရသည်။

အုပ်စု C ရှိ ကားများအပေါ် ယခင်သတ်မှတ်ထားသော(1/2AV ဒဏ်ကြေး ဆိပ်ကမ်းရောက် CIF ကားတန်ဖိုး ၆၆ဝ စီစီ ကားတစ်စီး ၃၃ သိန်းကျသင့်ရာမှ ယခုပြင်ဆင်ရန်သတ်မှတ်ထားသော 1/12AV ဒဏ်ကြေးအရ ၇သိန်း ကျော်သာကျသင့်မည်ဖြစ်သည်။

Delivery van ကားများကို အုပ်စု ၄ စုခွဲပြီး စစ်ဆေးထားရှိရာ အုပ်စု C ပါ ယာဉ်များဖြစ်သည့် cargo van, light van ယာဉ်များအပေါ် ကောက်ခံသော 1/2 AV ဒဏ်ကြေးမှာ မြင့်မားနေ၍ ရောင်းချမရခြင်း၊ ရောင်းချပြီးသော ယာဉ်များနှင့်သက်ဆိုင်သော ဒဏ်ကြေးပေးဆောင်ရမှုဆိုင်ရာ အငြင်းပွားမှုများနှင့် လူမှုစီးပွားများ ဆုံရှုံးနစ်နာမည့်အခြေအနေ ဖြစ်ပေါ်နေကြောင်း၊ အုပ်စု D ပါ မော်တော်ယာဉ် များအား မော်တော်ယာဉ်တင်သွင်းခြင်းနှင့်သက်ဆိုင်သော လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ၏ အစည်းအဝေး အမှတ်စဉ် (၂/၂ဝ၁၈) ဆုံးဖြတ်ချက်အရ 1/AV ဒဏ်တပ်ရိုက်မည်ဆိုပါက ထုတ်ယူနိုင်မည်မဟုတ်ဘဲ သိမ်းဆည်းခံရတော့မည်ဖြစ်ပါကြောင်း တင်ပြထားရှိသည်။

ထိုကြောင့် delivery van အုပ်စု C နှင့် D တွင်ပါရှိသော ယာဉ်များကို ဆိပ်ကမ်းနှင့်နယ်စပ်တို့မှ တရားဝင်ဂျူတီဆောင်၍ ကြေငြာတင်သွင်းလာသော ယာဉ်များဖြစ်သည့်အတွက် without ကားများလျှော့နည်းလာနိုင်ခြင်းနှင့် နိုင်ငံအတွက် ဘဏ္ဍာငွေရရှိနိုင်ခြင်းတို့ကြောင့် အထူးကိစ္စရပ်အနေဖြင့် ဒဏ်ကြေးလျှော့ပေါ့ပေးသင့်ကြောင်း၊ အုပ်စု C ယာဉ်များကို Type လွဲ ယခုဒဏ်ကြေး 1/2AV အား လျှော့ပေါ့ဒဏ်ကြေး 1/12 AV ကိုလည်းကောင်း၊ အုပ်စု D ပါယာဉ်များအား အုပ်စုလွဲ မိုဒယ်နိမ့်ခြင်းအတွက် ယခုဒဏ်ကြေး 1AV အား လျှော့ပေါ့ဒဏ်ကြေး 1/2 AV ကိုလည်းကောင်း သတ်မှတ်ကာ မိုဒယ်နိမ့် အတွက် တစ်နှစ်လျှင် ကျပ် ၁သိန်း လူစီးယာဉ် အဖြစ်သတ်မှတ်၍ အထူးကိစ္စရပ်အနေဖြင့် ဒဏ်ကြေးလျှော့ပေါ့ပေးသင့်ကြောင်း အကောက်ခွန်ဦးစီးဌာနကတင်ပြထားသည်ဟု သိရသည်။

Regulation

Author