Delivery van အုပ်စု C နှင့် D တွင်ပါဝင်သောကားများ လာမည့် ကြီးကော်အစည်းအဝေးတွင် ဒဏ်ကြေးပြန်လည် ဆွေးနွေးမည်

0

Full article

ယခုအထိ မပြီးပြတ်နိုင်သေးသော delivery van အုပ်စု C နှင့် D တွင်ပါဝင်သော ကားများကို လာမည့် ကြီးကော်အစည်းအဝေးတွင် ဒဏ်ကြေးပြန်လည် သတ်မှတ်ရန် ဆွေးနွေးသွားမည် ဖြစ်ကြောင်း မော်တော်ယာဉ်တင်သွင်းခြင်းနှင့်သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်မှုကော်မတီထံကနေ သိရသည်။

 ပြည်ပနိုင်ငံက တင်သွင်းလာသော delivery van ကားများတွင် လူစီးယာဉ်အဖြစ် ပြုပြင်ထားသော ကားများပါဝင်လာသည့်အတွက် ပြန်လည်စစ်ဆေး၍ အုပ်စု ၄ စုခွဲကာ ဒဏ်ကြေးသတ်မှတ်ထားသော်လည်း ကားတင်သွင်းသူများ အတွက် ဆုံးရှုံးနစ်နာမှုများရှိနေရာ အုပ်စု C နှင့် အုပ်စု D ကို ဒဏ်ကြေးပြန်လည်သတ်မှတ်ရန် တင်ပြလာမှုများရှိနေသောကြောင့် လာမည့် ကြီးကော်အစည်းအဝေးတွင် ပြန်လည်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

"Delivery van ကားတွေကို အုပ်စု ၄ စု ခွဲခြားပြီး ဒဏ်ကြေးသတ်မှတ်ထားတယ်။ အကောက်ခွန်ကလည်း အုပ်စု D ကို ပြန်ဆွေးနွေးဖို့ တင်ပြထားတယ်။ လာမယ့် ကြီးကော်မှာတော့ အုပ်စု C နဲ့ D ကို ပြန်ဆွေးနွေးပြီး ဆုံးဖြတ်ဖို့တော့ရှိပါတယ်။"ဟု မော်တော်ယာဉ်တင်သွင်းခြင်းနှင့်သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်မှု ကော်မတီ၏ တာဝန်ရှိသူ တစ်ဦးကပြောကြားသည်။

အုပ်စု A နှင့် B တွင် ပါဝင်သည့် ကား ၇၅ စီး ကို ဒဏ်ကြေးကင်းလွတ်ခွင့်ပေးထားသော်လည်း အုပ်စု C တွင် ပါဝင်သည့် ကား ၃၃၁ စီး ကို 1/2 AV ဒဏ်ကြေးသတ်မှတ်ထားရာ အုပ်စု ၃ ခုကို ဧပြီ ၂၇ နေ့ကစပြီး ထုတ်ယူခွင့်ပေးရာတွင် အုပ်စု C မှာ ဒဏ်ကြေးအရမ်းများပြားလွန်နေ၍ ၄ စီးသာ လာရောက်ထုတ်ယူခဲ့ကြောင်းသိရသည်။
Regulation

Author