Delivery van အုပ်စု C နှင့် D ကို ကြီးကော်မှ ဒဏ်ကြေး အသီးသီး သတ်မှတ်

0

Full article

မော်တော်ယာဉ်တင်သွင်းခြင်းနှင့်သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်မှုကော်မတီ အစည်းအဝေးတွင် ပြည်ပနိုင်ငံများမှ တင်သွင်းလာသော လုပ်ငန်းသုံး delivery van ကားများဖြစ်သည့် အုပ်စု C ကို 1/4 AV ဒဏ်ကြေး နှင့် အုပ်စု D ကို လူစီးကားအဖြစ် 1AV ဒဏ်ကြေး သတ်မှတ်ခဲ့ကြောင်း သိရသည်။

" မနေ့က ကြီးကော်အစည်းအဝေးမှာ delivery van အုပ်စု C ကားတွေကို 1/AV4 နဲ့ အုပ်စု D ကားကို 1AV ဒဏ်ကြေးသတ်မှတ်လိုက်ပါတယ်။ ရက်ပိုင်းအတွင်းမှာပဲ ကားတွေကို ဒဏ်ကြေးဆောင်ပြီး ထုတ်ပေးသွားပါမယ်။"ဟု မော်တော်ယာဉ်တင်သွင်းခြင်းနှင့်သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်မှု ကော်မတီ အစည်းအဝေးတက်ရောက်ခဲ့သူ တာဝန်ရှိသူတစ်ဦးထံကနေ သိရသည်။

ဆိပ်ကမ်းနှင့်နယ်စပ်မှ တင်သွင်းထားရှိသော delivery van အုပ်စု C ကားများကို 1/12 AV နှင့် အုပ်စု D ကားများကို 1/2 AV အထိ ဒဏ်ကြေးလျှော့ပေါ့ပြင်ဆင်ပေးသင့်ကြောင်း၊ ယာဉ်များကို တရားဝင်ဆိပ်ကမ်းနှင့်နယ်စပ်တို့မှ တရားဝင်ဂျူတီဆောင်၍ ကြေငြာတင်သွင်းလာသော တရားဝင်ယာဉ်များဖြစ်သည့်အတွက် without ကားများလျှော့နည်းလာနိုင်ကြောင်း၊ နိုင်ငံအတွက် ဘဏ္ဍာငွေရရှိနိုင်ခြင်းတို့ကြောင့် အထူးကိစ္စရပ်အနေဖြင့် ဒဏ်ကြေးလျော့ပေါ့ပေးသင့်ကြောင်း၊ အုပ်စု C ယာဉ်များကို type လွဲ ယခုဒဏ်ကြေး 1/2AV အစား လျော့ပေါ့ဒဏ်ကြေး 1/12 AV နှင့် အုပ်စု D ပါယာဉ်များအား အုပ်စုလွဲ မိုဒယ်နိမ့်ခြင်းအတွက် ယခုဒဏ်ကြေး 1AV အစား လျော့ပေါ့ဒဏ်ကြေး 1/2 AV သတ်မှတ်ကာ မိုဒယ်နိမ့် အတွက် တစ်နှစ်လျှင် ကျပ် ၁သိန်း လူစီးယာဉ် အဖြစ်သတ်မှတ်၍ အထူးကိစ္စရပ်အနေဖြင့် ဒဏ်ကြေးလျှော့ပေါ့ပေးသင့်ကြောင်းကို အကောက်ခွန်ဦးစီးဌာနက ကြီး/ကော်ထံတင်ပြထားရှိကြောင်း သဘောထားမှတ်ချက်ပေးပို့ထားသော်လည်း ဒဏ်ကြေးလျော့ပေးခဲ့ခြင်းမရှိသေးကြောင်းသိရသည်။

ယာဉ်စစ်ဆေးပြီး အုံနာဘုတ်မရရှိသေးသော delivery van ကားအစီးရေ ၁၉၄ စီးရှိနေပြီး ဆိပ်ကမ်းတွင် delivery အုပ်စု C ကားအစီးရေ ၃၃၈ စီးရှိရာ နယ်စပ်တွင် ကားအစီးရေ ၆ဝဝ နီးပါးရှိနေသေးကြောင်း သိရသည်။

Regulation

Author