ကညန ငွေသွင်းချလံ(PO) သွင်းပြီးသော delivery van ကားအစီး ၂ဝ၅ စီးကို ဒဏ်ကြေးကင်းလွတ်ခွင့် ပြုမည်

0

Full article

ကညန အခွန်သွင်းပြီးသော အုံနာဘုတ်မရရှိသေးသည့် delivery van ကားအစီးရေ ၂ဝ၅ စီးကို ဒဏ်ကြေးကင်းလွတ်ခွင့်ပြုသွားရန် မော်တော်ယာဉ်တင်သွင်းခြင်းနှင့်သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်မှု ကော်မတီက သတ်မှတ်လိုက်ကြောင်း သိရသည်။

ဆိပ်ကမ်းနှင့်နယ်စပ်များမှ တင်သွင်းထားသော delivery van အုပ်စု C ပါကားများကို 1/4 AV ဒဏ်ကြေးနှင့် အုပ်စု D ပါ ကားများကို 1AV ဒဏ်ကြေး( လူစီးအခွန်အဖြစ်) အသီးသီးသတ်မှတ်ထားရှိပြီး ကညနတွင် ယာဉ်စစ်ဆေးကာ ငွေသွင်းချလံ (PO) သွင်းပြီးသော်လည်း အုံနာဘုတ်မရရှိသေးသည့် delivery van ကားများကို ဒဏ်ကြေး ကင်းလွတ်ခွင့်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

"ကညနမှာ ငွေသွင်းချလံ (PO) သွင်းထားတဲ့ delivery van ကားအစီး ရေ ၂ဝ၅ စီးကို ကြီးကော်က ဒဏ်ကြေးကင်းလွတ်ခွင့်ပြုလိုက်ပါတယ်။ မကြာခင်တရားဝင်စာထုတ်သွားမှာပါ။ ဆိပ်ကမ်းနဲ့နယ်စပ်က တင်သွင်းထားတဲ့ကားတွေကတော့ ဒဏ်ကြေးအသီးသီးသတ်မှတ်ထားတယ်။" ဟု မော်တော်ယာဉ်တင်သွင်းခြင်းနှင့်သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

ယာဉ်စစ်ဆေးပြီးသော်လည်း အုံနာဘုတ်မရသေးသော ကားအစီးရေ ၂ဝ၅ စီး၊ ဆိပ်ကမ်းတွင် ရောက်ရှိနေသော delivery van အုပ်စု C ကားအစီးရေ ၃၃၈ စီးနှင့် နယ်စပ်တွင် ရောက်ရှိနေသည့် ကားအစီးရေ ၆ဝဝ နီးပါးရှိနေပြီး အုပ်စု D တွင်ပါဝင်နေသောကားအစီးရေ မှာ ၈ဝဝ နီးပါးအထိရှိနေကြောင်း သိရသည်။

Regulation

Author