လူစီးအုပ်စုဝင် delivery van ကားများ ဒဏ်ကြေးပြောင်းလဲရန် ကြီးကော်သို့ တင်ပြထား

0

Full article

နယ်စပ်တွင်တင်သွင်းထားရှိသော လူစီးအုပ်စုဝင် အုပ်စု D တွင် ပါဝင်သည့် delivery van ကားများအား ဒဏ်ကြေးပြောင်းလဲရန် အကောက်ခွန်ဦးစီးဌာနက ကြီးကော်သို့တင်ပြထားရှိကြောင်း သိရသည်။

လူစီးအုပ်စုဝင် wagon chassic ကားများမှာ သိသာထင်ရှားအောင် ပြုပြင်ထားရှိမှုများရှိနေရာ အုပ်စု D အဖြစ်စစ်ဆေးရေးအဖွဲများက သတ်မှတ်ထည့်သွင်းထားပြီး မော်တော်ယာဉ်ပြုလုပ်ခွင့် မိုဒယ်သတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိ၍ ဒဏ်ကြေးပြောင်းလဲဖို့ ပြန်လည်ဆွေးနွေးရန် တင်ပြထားရှိကြောင်း သိရသည်။

" Delivery van အုပ်စု D ကားတွေကို ဒဏ်ကြေးပြောင်းဖို့တင်ပြထားတာရှိတယ်။ ဒါကလည်း သေချာပြန်ဆွေးနွေးရ မှာ။၂ဝ၁၇ ကားတင်သွင်းတဲ့မူနဲ့က လူစီးကို ၂ဝ၁၁ ကစပြီး သတ်မှတ်ထားတာ။ ဒါကြောင့် ပြန်ပြီးဆွေးနွေးဖို့လိုလာလို့ တင်ပြထားတာ။"ဟု အကောက်ခွန်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယခင်က လူစီးအဖြစ်သိသာထင်ရှားစွာ ပြောင်းလဲထားသော delivery van wagon chassic ကားများကို 1/2 AV ဖြင့် ဒဏ်ကြေးကောက်ခံသွားမည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိနေကြောင်း သိရသည်။

Regulation

Author