Delivery van အုပ်စု C နှင် D ရှိ ကားများကို ဒဏ်ကြေးအသီးသီးပေးဆောင်ရန် ကြီးကော်ဆုံးဖြတ်

0

Full article

ဆိပ်ကမ်းနှင့် နယ်စပ်များက တစ်ဆင့် တင်သွင်းလာသော delivery van အုပ်စု C ရှိ ကားများကို 1/2 AV ဒဏ်ကြေး နှင့် အုပ်စု D ကားများကို 1/AV ဒဏ်ကြေးသတ်မှတ်ပြီးမှ လူးစီးကားများအဖြစ် ရရှိမှာဖြစ်ကြောင်း မော်တော်ယာဉ်တင်သွင်းခြင်းနှင့်သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်မှု ကော်မတီအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ မော်တော်ယာဉ်တင်သွင်းခြင်းနှင့်သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်မှု ကော်မတီအစည်းအဝေးတွင် delivery van ကားအုပ်စု C ကို ယခင်ဒဏ်ကြေးအတိုင်းပေးဆောင်စေပြီး ကားများထုတ်ယူရမည်ဖြစ်ကြောင်း၊ အုပ်စု D တွင်ပါဝင်သော ကားများကို 1/AV ဒဏ်ကြေးပေးဆောင်၍ လူစီးကားအဖြစ် ယာဉ်မှတ်ပုံတင်ခွင့်ပြုမည်ဖြစ် ကြောင်းနှင့် မေလ ၃၁ ရက်အထိ ID ဖွင့်ထားသောကားများကိုသာ လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်းအစရှိသည့် အစည်းအဝေးဆုံး ဖြတ်ချက်များ ထွက်ပေါ်လာခဲ့ကြောင်း သိရသည်။

" မနေ့က ကြီးကော်အစည်းအဝေးမှာ Delivery van ကားတွေအုပ်စု C ကို အရင်သတ်မှတ်ထားတဲ့ ဒဏ်ကြေး 1/2AV ပဲပေးဆောင်ဖို့သတ်မှတ်တယ်။ အုပ်စု D ထဲမှာပါတဲ့ ကားတွေကတော့ 1/AV နဲ့ လူစီးကားပေးဖို့ ဆုံးဖြတ်လိုက်တယ်။ အုပ်စု D ကားတွေက အစည်းအဝေး လုပ်တဲ့ ၃၁ ရက်အထိကားတွေပဲ အကျုံးဝင်မှာပါ။"ဟု မော်တော်ယာဉ်တင်သွင်းခြင်းနှင့်သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်မှုကော်မတီအစည်းအဝေးတွင် တက်ရောက်ခဲ့သူတစ်ဦးကပြောကြား သည်။

Delivery van ကားများကို အုပ်စု A,B,C နှင့် D ဟူ ၍ ၄ စု ခွဲထားပြီး အုပ်စု A နှင့် B တွင် ပါဝင်သည့် ကားအစီး ၇၅ စီးကို ဒဏ်ကြေးကင်းလွတ်ခွင့်ပေးထားကာ အုပ်စု C တွင် ကားအစီး ၃၃၁ စီးနှင့် အုပ်စု D တွင် ကားအစီးရေ ၁,၅ဝဝ နီးပါးရှိကြောင်း သိရသည်။

Law Enfrocement

Author