Delivery van အုပ်စု D ပါကားများ လိုင်စင်ပါဈေးအတိုင်း ဒဏ်ကြေးအခွန်ပေးဆောင်နိုင်ရန် ဝန်ကြီးရုံး တင်ပြထားဟု အကောက်ခွန်ဆို

0

Full article

နယ်စပ်ကတင်သွင်းထားသော delivery van အုပ်စု D ပါကားများ CIF တန်ဖိုးအစား ကားတင်သွင်းရန်လျှောက်ထားခဲ့သည့် လိုင်စင်ပါဈေးအတိုင်း ဒဏ်ကြေးအခွန်ပေးဆောင်နိုင်ရန် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနထံ တင်ပြထားဟု အကောက်ခွန်ဦးစီးဌာနက သိရပါသည်။

" အုပ်စု D ပါကားတွေကို လိုင်စင်ပါဈေးနဲ့ ဆောင်ဖို့ မြဝတီကကားတင်သွင်းသူတွေက လာတင်ပြထားတာတော့ရှိပါတယ်။ဝန်ကြီးရုံးကို ဆက်ပြီးတင်ပြထားတယ်။ ဒီကားတွေကိုတော့လက်ရှိ သြဂုတ်လ ၃၁ ရက်နောက်ဆုံးထာပြီး လုပ်ငန်းဆောင်ရွက်ရမယ်လို့ သတ်မှတ်ထားပါတယ်။ အုပ်စု C ထဲမှာပါတဲ့ကားတွေကတော့ လိုင်စင်ဈေးနဲ့ အခွန်ပေးဆောင်ခွင့်ပြုထားပါတယ်။ "ဟု အကောက်ခွန်ဦးစီးဌာန ထုတ်သွင်းဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပြည်ပကတင်သွင်းထားရှိပြီးဖြစ်သော delivery van ကားများဖြစ်သည့် အုပ်စု C ပါကားများကို လိုင်စင်ပါဈေးနှူန်းအတိုင်း ပေးဆောင်ရန်သတ်မှတ်ထားပြီး အုပ်စု D ပါကားများကို လူစီးအုပ်စုဝင်ကားများဖြစ်၍ အင်ဂျင်ပါဝါ ၁,၃၅ဝ စီစီနှင့်အောက်ကားများအား CIF တန်ဖိုး ဒေါ်လာ ၅,ဝဝဝ ၊အင်ဂျင်ပါဝါ ၁,၃၅ဝ စီစီနှင့်အထက် ကားများအား CIF ၅,ဝဝဝ ကျော် ဈေးနှုန်းသတ်မှတ်ထားရှိကြောင်းသိရသည်။

နယ်စပ်တွင်ရှိနေသော delivery van အုပ်စု D ကားအရေအတွက်မှာ အစီးရေ ၁,၅၉၉ စီးရှိပြီး လူစီးကားများဖြစ်၍ 1/AV လူစီးအခွန်ဒဏ်ကြေးသတ်မှတ်ထားရှိသော်လည်း ဒဏ်ကြေးမှာ အရမ်းများပြားလွန်း၍ ယနေ့အထိ လာရောက်ထုတ်ယူရန် လျှောက်ထားသူမရှိသေးကြောင်းသိရသည်။

Author