Delivery van အုပ်စု D ကားများ သြဂုတ်လ ၃၁ ရက်အစား သက်တမ်း ၁ လ ထပ်တိုး၍ ယာဉ်စစ်လုပ်ငန်းဆောင်ရွက်ပေးသွားရန်ရှိ

0

Full article

မြဝတီနယ်စပ်မှတင်သွင်းထားရှိသော delivery van အုပ်စု D ကားများကို သြဂုတ်လ ၃၁ ရက်အစား သက်တမ်း ၁ လ ထပ်တိုး၍ ယာဉ်စစ်လုပ်ငန်းဆောင်ရွက်ပေးသွားရန်ရှိနေကြောင်း မော်တော်ယာဉ်တင်သွင်းခြင်းနှင့်သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်ရေးကော်မတီထံမှ သိရသည်။

နယ်စပ်မှ တင်သွင်းထားရှိသော delivery van လူစီးအုပ်စုဝင် အုပ်စု D ပါကားများကို 1AV ဒဏ်ကြေးသတ်မှတ်ထားသော်လည်း ကားများထုတ်ယူချင်ပါက ထုတ်ယူခွင့်မရရှိခြင်းများနှင့် ထိုကားများကို CIF တန်ဖိုးသတ်မှတ်ထားမှုကလည်း ကားတစ်စီးလျှင် သိန်း၄ဝဝ နီးပါးကျသင့်မည်ဖြစ်၍ လာရောက်ထုတ်ယူရန် မလွယ်ကူတော့ဘဲ လိုင်စင်မဲ့ကားများအဖြစ် ပြန်လည်တင်သွင်းရန် ရှိနေကြောင်း သိရသည်။

မော်တော်ယာဉ်တင်သွင်းခြင်းနှင့်သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်ရေးကော်မတီသို့တင်ပြထားသည့် စစ်ဆေးရန်ကျန်ရှိသော မော်တော်ယာဉ်စာရင်းမှအပ ထပ်မံတိုးမြင့်စစ်ဆေးခြင်း၊ တင်ပြခြင်းကို ခွင့်ပြုမည်မဟုတ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှလည်းကြေငြာထားရှိသည်။

" နယ်စပ်ကတင်သွင်းထားတဲ့အုပ်စု D ထဲမှာပါတဲ့ Delivery van ကားတွေကို သြဂုတ်လ ၃၁ ရက်နောက်ဆုံးယာဉ်စစ်ဖို့သတ်မှတ်ထားတယ်။ ကားတင်သွင်းသူတွေက အဆင်မပြေတာတွေရှိတဲ့အတွက် နောက်ထပ် ၁ လ သက်တမ်းထပ်တိုးပီးလုပ်ဆောင်ပေးဖို့ တော့ရှိတယ်။အစည်းအဝေးမှာပြန်တော့ ဆွေးနွေးရဦးမယ်။ "ဟု မော်တော်ယာဉ်တင်သွင်းခြင်းနှင့်သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်ရေးကော်မတီတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

နယ်စပ်က တင်သွင်းထားရှိသော delivery van အုပ်စု C ကားများမှာ ကားအစီးရေ ၈ဝဝ နီးပါးရှိပြီး 1/4 AV ဒဏ်ကြေးသတ်မှတ် ထားကာ အုပ်စု D ကားများမှာတော့ ကားအစီးရေ ၁,၅၉၉ စီးရှိပြီး 1/AV လူစီးအခွန်ဒဏ်ကြေးသတ်မှတ်ထားရှိကြောင်းသိရသည်။

Author