နယ်စပ်မှ တင်သွင်းထားသော delivery van အုပ်စု D တွင်ပါဝင်သည့် ကားအစီး ၁၃ဝဝ ကျော်ကို လူစီးအခွန်အတိုင်းသတ်မှတ်သွားရန်ရှိ

0

Full article

နယ်စပ်မှ တင်သွင်းထားသော Delivery van အုပ်စု D တွင်ပါဝင်သည့် ကားအစီး ၁၃ဝဝ ကျော်ကို လူစီးအခွန်အတိုင်းသတ်မှတ်သွားရန်ရှိနေကြောင်း အကောက်ခွန်ဦးစီးဌာနက သိရသည်။

Delivery van ကားများကို အုပ်စု ၄ ခွဲစစ်ဆေးထားရာ အုပ်စု A,B ကို ဒဏ်ကြေးကင်းလွတ်ခွင့်ပေးထားပြီး အုပ်စု C ကို 1/2 AV ဒဏ်ကြေး သတ်မှတ်ထားရာ အုပ်စု D မှာမှု wagon chassic ကားများဖြစ်၍ လူစီးကားများကို delivery van အဖြစ် ပြောင်းလဲတင်သွင်းလာသည့်အတွက် လူစီးအခွန်သတ်မှတ်ရန် ရှိနေကြောင်းသိရသည်။

"အုပ်စု ၃ ကိုပဲလက်ရှိထုတ်ယူခွင့်ပြုနေတာပါ။ အုပ်စု D က wagon chassic တွေဖြစ်လို့ ဘယ်လိုပေးရလဲဆိုတာကို ကြီးကော်ကို တင်ပြထားတယ်။ အရင်ကသတ်မှတ်ထားတာ 1/2 AV နဲ့ wagon ဒဏ်ကြေးကောက်မယ်ဆိုပြီး သတ်မှတ်ထားတာ။ သိမ်းဆည်းမှာတော့ မဟုတ်ပါဘူး။ လူစီးအခွန်နဲ့ ဒဏ်ရိုက်ဖို့တော့ရှိတယ်။"ဟု အကောက်ခွန်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြဝတီနယ်စပ်က တင်သွင်းထားသော ကားအများစုမှာ wagon chassic ဖြင့် တင်သွင်းထားသော ကားအများဆုံးဖြစ်နေရာ နိုင်ငံပိုင် သိမ်းဆည်းမည်ဆိုပါကလည်း လိုင်စင်မဲ့ကားအဖြစ် အများဆုံးဝင်ရောက်လာနိုင်ပြီး 1/2 AV ထက် မြင့်မားသော လူစီးဒဏ်ကြေးသတ်မှတ်ရန် ရှိနေကြောင်း သိရသည်။

Author