Delivery Van ကားများနှင့် နိဗ္ဗာန်ယာဉ်ကားများ မှတ်ပုံတင်ထုတ်ပေးရာတွင် လူစီးယာဉ်အဖြစ်အသုံးပြုခွင့်မရှိကြောင်း တံဆိပ်တုံးရိုက်နှိပ်ထားမှာဖြစ်တယ်လို့ ကုန်လမ်းပို့ဆောင်ရေးညွန်ကြားမှူဦးစီးဌာနက သိရပါတယ်။ ထို Delivery Van ကားများနှင့် HSE နိဗ္ဗာန်ယာဉ်များသည် လူစီးယာဉ်များ မဟုတ်ဘဲ ကုန်ပစ္စည်းများသယ်ဆောင်ရာတွင်လည်းကောင်း နိဗ္ဗာန်ယာဉ်သည် သေဆုံးပြီး သူများတင်ဆောင်ရာတွင်လည်းကောင်း အသုံးပြုရမှာဖြစ်သည်။ Delivery Van ကားများသည် မှတ်ပုံတင်ခွင့်ပြုရာတွင် ယာဉ်မောင်းနောက်ကြောတွင် သံပြားများကာထားရမည်ဖြစ်၍ နောက်ဘော်ဒီနေရာတွင် ကုန်ပစ္စည်းတင်ဆောင်ရန် အလွတ်ထားရှိရမည်ဖြစ်သည်။ မတ်လ ၁ ရက်မတိုင်ခင်က Delivery Van ကားများသည် ယာဉ်စစ်ဆေးနံပတ်ယူပြီးသော်လည်း မှတ်ပုံတင်မရသေးသည့် ကားများစွာရှိနေပြီး အမှူလက်ကျန်များမှာ ကြာမြင့်နေလျှက်ရှိနေတယ်လို့သိရပါတယ်။
ခေတ်သစ်