Delivery Van ကားအဖြစ်တင်သွင်းခွင့်ရှိသော သတ်မှတ်ချက်များ ပြန်လည်ပြင်ဆင် ထုတ်ပြန်မည်

0

Full article

ပြည်ပက ကားတင်သွင်းခွင့်ပေးရာတွင် လုပ်ငန်းသုံး Delivery Van ကားအဖြစ် တင်သွင်းခွင့်ရှိသော သတ်မှတ်ချက်များ ပြန်လည်ပြင်ဆင် ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန က သိရသည်။

လူစီးကားအုပ်စုဝင်ကားများကို Delivery Van လုပ်ငန်းသုံးကားအဖြစ် ပြန်ပြင်ဆင်၍ တင်သွင်းလာသော ကားများရှိနေသည့်အတွက် အဆိုပါ Delivery Van ကားများကို ရုံးချူပ်သို့ ပြန်လည်တင်ပြခိုင်းမှုများ၊ ယာဉ်စစ်ဆေးမှုများနှင့် မှတ်ပုံတင်ပြုလုပ်မှုများ ရပ်ဆိုင်းထားကြောင်း သိရသည်။

" Delivery Van ကားတွေတင်သွင်းတာကို သေသေချာချာ သတ်မှတ်သွားမှာပါ။ အရင်က သတ်မှတ်ထားတဲ အချက် ၄ ချက်ကို ပြန်လည်ပြင်ဆင်ဖို့ လုပ်နေပါတယ်။ ဘယ်ကားဘယ်လို သွင်းခွင့်ပြုမယ်ဆိုတာ ထုတ်ပြန်ပေးသွားမှာ"လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန က သိရသည်။

Delivery Van ကားများ၏ နောက်ပိုင်းကိုယ်ထည်မှာ သံပြားအသေပိတ် အလုံပိတ်ပုံစံဖြစ်ရမည်ဟု သတ်မှတ်ထားပြီး Delivery Van အခန်းနှင့် နောက်ပို်းကိုယ်ထည် အကြားကန့်ထားသည့် အကန့်ပုံစံပါရှိရမည် ဟု သတ်မှတ်ထားသည်။

ကုန်တင်ဆောင်ရန် ရည်ရွယ်ထားသည့်အတွက် နောက်ပိုင်းကိုယ်ထည်နှင့် ကြမ်းခင်း တစ်ပြေးညီ ဖြစ်ရမည်ဖြစ်ကာ နောက်ခန်းတွင် ထိုင်ခုံပါရှိခြင်းမရှိရဟု သတ်မှတ်ထားရှိသည်။

ထို့အပြင် လူစီးယာဉ်အမျိူးအစားအဖြစ်သို့ ပြုပြင်ပြောင်းလဲခြင်းခွင့်မရှိကြောင်းသိရသည်။

Author