သတ်မှတ်ချက် ကိုက်ညီမှူမရှိဘဲတင်သွင်းလာသော Deliver Van ကားများကို 1/50 AV ဖြင့် ဒဏ်ရိုက်အရေးယူမည်

0

Full article

ပြည်ပနိုင်ငံများက သတ်မှတ်ချက် ကိုက်ညီမှူမရှိဘဲတင်သွင်းလာခဲ့သည့် Deliver Van ကားများကို 1/50 AV ဖြင့် ဒဏ်ရိုက်အရေးယူသွားမှာဖြစ်တယ်လို့ အကောက်ခွန်ဦးစီးဌာနကနေသိရပါတယ်။Deliver Van ကားများတင်သွင်းရာတွင် ယာဉ်မောင်းနှင့်နောက်ခန်းအကြား သံပြားများကာရန်ထားရန်လိုအပ်ပီး ကားမှန်အသုံးပြုသည့်နေရာများတွင် သံပြားများပိတ်၍ တင်သွင်းလာမှူများရှိနေသည်။

ထိုကဲ့သို့ တင်သွင်းလာမှူများကို သတ်မှတ်ချက်နှင့်ကိုက်ညီမှူမရှိတဲ့အတွက် အကောက်ခွန်ဦးစီးဌာနကနေ 1/50 AV ဒဏ်ကြေးဖြင့်အရေးယူဆောင်ရွက်သွားမှာဖြစ်တာ်လို့သိရပါတယ်။

သတ်မှတ်ချက်နှင့်မကိုက်ညီဘဲတင်သွင်းလာသည့် Deliver Van ကားအစီးရေ ၂ဝ ခန်ရှိနေပီး သတ်မှတ်ချက်မပြည့်စုံပါက ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှူးဦးစီးဌာနကလည်း မှတ်ပုံတင် ဆောင်ရွက်ပေးသွားမည်မဟုတ်ကြောင်းသိရပါတယ်။

အကောက်ခွန်ဦးစီးဌာနမှ ၆/၂ဝ၁၇ အကောက်ခွန်ဒဏ်ကြေးနှူန်းထားများပြောင်းလဲခဲ့ပြီး မတ်လ ၁ဝ ရက်နေ့မှစ၍ အကျူံ းဝင်မှာဖြစ်တယ်လို့သိရပါတယ်။

ခေတ်သစ်

Author