Taxi များ လုပ်ငန်းလိုင်စင် ၂ နှစ် လုပ်ကိုင်ပြီးမှသာ ကားဟာင်းအပ်နှံခြင်းလုပ်ငန်း ဆောင်ရွက်ပေးမည်

0

Full article

Zawgyi

Taxi များ ယာဉ်အို၊ ယာဉ်ဟောင်းအဖြစ်အပ်နှံခွင့်ပြုရာတွင် (ဂ) လုပ်ငန်းလိုင်စင်ရယူပြီး အနည်းဆုံး ၂ နှစ် လုပ်ကိုင်ပြီးမှသာ ယာဉ်အပ်နှံခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနထံကနေ သိရ သည်။

"Taxi အပ်မယ်ဆိုရင် လုပ်ငန်းလိုင်စင် ၂ နှစ် ပြုလုပ်ပြီးမှ လာလုပ်လို့ ရမှာပါ။ ယာဉ်အိုယာဉ်ဟောင်းအပ်တာက တက္ကစီအပ်မယ်ဆိုရင် တက္ကစီ စလစ်ပဲရမှာပါ။"ဟု ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဌားယာဉ် Taxi ယာဉ်များအဖြစ် ပြေးဆွဲခြင်းမရှိသေးသော မိုဒယ်နိမ့်ကားများ လာ ရောက် အပ်နှံခြင်းများရှိနေ၍ (ဂ) လုပ်ငန်းလိုင်စင် ၂ နှစ်ပြေးဆွဲခွင့် ပြုပြီးမှ သာလျှင် အပ်နှံခွင့်ပေးခြင်းဖြစ်ကြောင်းသိရသည်။

၂ဝ၁၆ ခုနှစ်မှစတင်၍ တက္ကစီ များတင်သွင်းခွင့်ပါမစ် ထုတ်ပေးခြင်းကို ရပ်ဆိုင်းထား ရှိပြီး ၂ဝ၁၈ အတွက် ကားတင်သွင်းခွင့်ပြုရာတွင်လည်း အဌားယာဉ်တက္ကစီတင်သွင်း ခွင့်ပါမစ် မပေးထားကြောင်း သိရသည်။

Taxi ယာဉ်အပ်နှံပြီး Taxi စလစ်ရရှိမှု များလာရာ အဌားယာဉ် Taxi စလစ်ပေါက်ဈေးမှာ ကျပ် ၁ဝ၉ သိန်းဝန်းကျင် ရှိနေသည်ဟု စလစ်အရောင်းအဝယ်ပြုလုပ်နေသူများထံကနေ သိရသည်။

Unicode





Author