Full article

ယခုရက်ပိုင်းအတွင်း DD အက္ခရာ တက္ကစီကားများ တစ်ရက်လျှင် ပျမ်းမျှ အစီးရေ ရှစ်ဆယ်ဝန်းကျင် ကနဦးမှတ်ပုံတင် လာရောက် ပြုလုပ်ကြောင်း ရွာသာကြီး ကညနရုံးမှ သိရသည်။![Myanmar-3](/redline/content/images/2014/01/Myanmar-3.jpg)

နိုဝင်ဘာ ၂၈ ရက်က CC အက္ခရာများ နံပါတ်ထုတ်ပေးမှု ကုန်ဆုံးသွားပြီးနောက် DD အက္ခရာများကို ဆက်လက်ထုတ်ပေးခဲ့ရာ ဇန်နဝါရီ ၈ ရက်အထိ ရောက်ရှိနံပါတ် DD/4037 အထိ ရောက်ရှိသွားပြီ ဖြစ်သည်။ အငှားယာဉ်များ ကနဦးမှတ်ပုံတင် ပြုလုပ်ပေးခြင်းနှင့်ပတ်သက်၍ ရွာသာကြီး ကညနရုံးမှ တာဝန်ရှိသူတစ်ဦးက ဒီရက်ပိုင်းအတွင်းမှာ တစ်ရက်ကို DD အက္ခရာ အငှားယာဉ် အစီးရှစ်ဆယ်ဝန်းကျင် ကနဦးမှတ်ပုံတင် လာရောက် ပြုလုပ်ကြပါတယ်၊ ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲမှာတော့ တစ်ရက်နဲ့တစ်ရက် မှတ်ပုံတင်လာရောက် ပြုလုပ်တဲ့ အရေအတွက်က မတူညီပါဘူး၊ တချို့ရက်တွေမှာ အစီးရေလေးဆယ်ဝန်းကျင်ပဲ လာရောက်ပြီး တချို့ရက်တွေ မှာတော့ အစီးရေကိုးဆယ်ကျော်အထိ မှတ်ပုံတင်လာရောက် ပြုလုပ်ကြပါတယ်၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ဇန်နဝါရီ ၈ ရက်တွင် 4G အက္ခရာများကို စတင်ထုတ်ပေးခဲ့ရာ ရွာသာကြီး ကညနရုံး၌ ကုန်တင်ယာဉ်နှင့် ဘတ်စ်များကို 4G/1201 မှ စပြီး ကနဦးမှတ်ပုံတင် ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

Ref: Automobile

Author