Full article

ယခုရက်ပိုင်းအတွင်း DD အက္ခရာ တက္ကစီများ တစ်ရက်လျှင် ပျှမ်းမျှအစီးရေ ခုနစ်ဆယ်ဝန်းကျင် ကနဦးမှတ်ပုံတင် လာရောက် ပြုလုပ်ကြောင်း 'ရွာသာကြီး ကညနရုံး'မှ သိ ရသည်။![Myanmar-3](http://www.myanmarcarsdb.com/wp-content/uploads/2014/03/Myanmar-3.jpg)

နိုဝင်ဘာ ၂၈ ရက်က CC အက္ခရာနံပါတ်များ ထုတ်ပေးမှု ကုန်ဆုံးသွားပြီးနောက် DD အက္ခရာများကို ဆက်လက်ထုတ်ပေးခဲ့ရာ ဖေဖော်ဝါရီ ၁၈ အထိ ရောက်ရှိနံပါတ် DD/ 6304 အထိ ရောက်ရှိသွားပြီ ဖြစ်သည်။ အငှားယာဉ်များ ကနဦးမှတ်ပုံတင်ခြင်း နှင့် ပတ်သက်၍ ရွာသာကြီး ကညနရုံးမှ တာဝန်ရှိသူတစ်ဦးက "ဒီရက်ပိုင်းအတွင်းမှာ တစ် ရက်ကို DD အက္ခရာ အငှားယာဉ် အစီးရေ ခုနစ်ဆယ်ဝန်းကျင်က ကနဦးမှတ်ပုံတင် လာရောက်ပြုလုပ်ကြပါတယ်၊ ဒီလထဲမှာ တစ်ရက်နဲ့ တစ်ရက် မှတ်ပုံတင် လာရောက်ပြု လုပ်တဲ့ အရေအတွက် မတူညီပါဘူး၊ တချို့ရက်တွေမှာ အစီးရေ ငါးဆယ်ဝန်းကျင် လာရောက်ပြီး တချို့ရက်တွေမှာတော့ တစ်ရာကျော်အထိ မှတ်ပုံတင် လာရောက်ပြုလုပ် ကြပါတယ်၊ လေးလုံးပူး နံပါတ်တွေ ထုတ်လုပ်မှုကတော့ အရင်တိုင်း ကုမ္ပဏီတွေကို ချန်လှပ်ပြီး တစ်ဦးချင်း တင်သွင်းသူတွေကိုပဲ မဲနှိုက်ရွေးချယ်ပေး နေပါတယ်"ဟု ပြော ကြားခဲ့သည်။ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနအနေဖြင့် ဖေဖော်ဝါရီ ၆ ရက်တွင် ကုန်တင်ယာဉ်နှင့် ဘတ်စ်များကို 5G/1201 မှစပြီး ကနဦးမှတ်ပုံတင် ပြုလုပ် ပေးခဲ့ရာ ဖေဖော်ဝါရီ ၁၈ ရက်တွင် 5G/5672 ရှိသွားပြီ ဖြစ်ကြောင်း သိရသည်။

Ref : Automobile

Author