မာစီးဒီးကားကုမ္ဗဏီမှ Viral Film အဖြစ်ရိုက်ကူးသောအစီအစဉ်အတွက် ပရော်ဖက်ရှင်နယ် ဂေါက်သီးရိုက်သမားဖြစ်သော Jake Shepherd နှင့် ဖော်မြူလာဝမ်း ကားမောင်းသမားဟောင်း David Coulthard တို့အား ခေါ်ယူရိုက်ကူးခြင်းဖြစ်သည်။
David သည် 571hp ရှိသော Mercedes-Benz SLS AMG Roadster ကားအား တစ်နာရီမိုင် ၁၂ဝ နှုန်းဖြင့်မောင်းနှင်ပြီး Jake ရိုက်လိုက်သော ဂေါက်သီးအား လည်းကောင်း အမိုးပွင့်ကားပေါ်မှ ဖမ်းပြခြင်းဖြစ်သည်။ ပထမအကြိမ်ရိုက်ကူးမှုမှာ မအောင်မြင်သော်လည်း ဒုတိယအကြိမ် ပြန်လည် ရိုက်ကူးရာတွင် ထိုသို့ဖမ်းနိုင်ခဲ့ပြီး ဂင်းနစ်စံချိန်တင်နိုင်ခဲ့သည်ဟု မာစီးဒီးမှ ထုတ်ပြန်သော သတင်းအရ သိရသည်။
အဆိုပါမှတ်တမ်း ဗီဒီယိုအား ဂျူလိုင်လဆန်းပိုင်းတွင် မာစီးဒီး၏ SLS AMG Roadster ကားအားဂုဏ်ပြုသောအားဖြင့် ထုတ်လွှင့်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။ David Coulthard က အခုလို ကမ္ဘာ့စံချိန်တင်ဖို့ ကြိုးပမ်းမှုဟာ ကျွန်တော့်ကို ကားနဲ့တစ်ခုခုလုပ်ပြခိုင်းတဲ့ တကယ့်အထူးဆန်းဆုံးတွေထဲက တစ်ခုပါပဲ။ Jake hepherd နဲ့အလုပ်တွဲလုပ်ရတာ တော်တော်အဆင်ပြေပါတယ်။ အင်မတန် performance ကောင်းတဲ့ SLS AMG Roadster ကားကိုမောင်းပြီး လေထဲက ဂေါက်သီးကို ဖမ်းဖို့ကြိုးပမ်းရတာ အင်မတန်စိတ်လှုပ်ရှားစရာလည်း ကောင်းပါတယ်။ ဟုပြောကြားသွားပါသည်။