Full article

အမြန်လမ်းတစ်လျှောက် သတိထားမောင်းနှင်ရမည့် အန္တ ရာယ်ရှိသော မိုင်တိုင် ၁၄ ခုကို ပထမဆုံးအကြိမ်အဖြစ် အမြန် လမ်းရဲတပ်ဖွဲ့က သတင်းထုတ် ပြန်သည်။

မိုင်တိုင် ၃၆၆ ခုရှိသည့် အ မြန်လမ်းတစ်လျှောက် လမ်းမျက် နှာပြင်မညီညာခြင်းနှင့် မိုးရွာလျှင် ရေဝပ်သည့် မိုင်တိုင် ၁၄ ခုကို စက်တင်ဘာ ၁၄ ရက်တွင် သတင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ယင်း မိုင်တိုင် ၁၄ ခုမှာ ရန်ကုန်-မန္တလေး လမ်းပိုင်းနှင့် မန္တလေး-ရန်ကုန် လမ်းပိုင်းအသွားအပြန် နှစ်ဖက် စလုံးတွင်ရှိနေပြီး မိုးသည်းထန်စွာ ရွာပါက ရေဝပ်ပြီး ယာဉ်မတော် တဆမှုအများဆုံးဖြစ်လေ့ရှိသည့် နေရာများကို ရွေး၍ သတိပေးခြင်းဖြစ်ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့ ရဲမှူးကြီး နေဝင်းက ပြောသည်။

''အမြန်လမ်း အသုံးပြုတဲ့ ကားအားလုံး ဒီနေရာတွေမှာ သတိထားဖို့လိုတဲ့အတွက် သတိပေး တာပါ။ အထူးသဖြင့် မိုးရွာနေတဲ့ အချိန်တွေ အန္တရာယ်ရှိလို့ သတင်းထုတ်လိုက်တာပါ''ဟု ရဲမှူးကြီး နေဝင်းက ပြောသည်။

ယခုကဲ့သို့ အန္တရာယ်ရှိသည့် မိုင်တိုင်နေရာများ သတင်းထုတ် ပြန်ခြင်းမှာ အမြန်လမ်းစတင်ဖွင့် ခဲ့သည့် အချိန်မှစ၍ ပထမဆုံးအ ကြိမ်ဖြစ်ကြောင်း အမြန်လမ်းအင် ဂျင်နီယာဌာန လက်ထောက်အင် ဂျင်နီယာတစ်ဦးက ပြောသည်။

အန္တရာယ်ရှိသောကြောင့် သတိထားမောင်းနှင်ရမည့် မိုင် တိုင်များမှာ ရန်ကုန်-မန္တလေး လမ်းပိုင်းတွင် ကျောက်တံခါးမြို့ နယ်ရှိ မိုင်တိုင် ၈၄၊ ၈၉၊ ၁ဝဝ နှင့်ဖြူးမြို့နယ်ရှိ မိုင်တိုင် ၁၁၅၊ ရေတာရှည်မြို့နယ်ရှိ မိုင်တိုင် ၁၆၄ တို့ ဖြစ်သည်။ မန္တလေး-ရန်ကုန်လမ်း ပိုင်းတွင် လှည်းကူးမြို့နယ်ရှိ မိုင် တိုင် ၂ နှင့် ၈ အနီး၊ ပဲခူးမြို့ရှိ မိုင်တိုင် ၂၇၊ ၃၃၊ ၄၂၊ ဒိုက်ဦးမြို့နယ် ရှိ မိုင်တိုင် ၄၉ နှင့် ၅၂၊ ရေတာရှည်မြို့နယ်ရှိ မိုင်တိုင် ၁၇၅၊ ဒက္ခိဏ သီရိမြို့နယ်ရှိ မိုင်တိုင် ၂ဝ၁ နေရာ များကို သတိပေးထားသည်။

ရန်ကုန်-မန္တလေး အမြန် လမ်းသည် ၃၆၆ မိုင် ၃ ဖာလုံရှည် လျားပြီး အမြန်လမ်းပေါ်တွင် နေ့စဉ်သွားလာနေသည့် ခရီးသည်တင်ကားနှင့် အိမ်စီးကား အစီးရေ၁၂,ဝဝဝ ခန့်ရှိနေကြောင်း အမြန် လမ်း အင်ဂျင်နီယာဌာန၏ စစ် တမ်းများအရ သိရသည်။

စတင်အသုံးပြုသည့် ၂ဝဝ၉ ခုနှစ်မှ ယခုနှစ်အထိ ကားမတော် တဆမှုများကြောင့် ခရီးသည်သေ ဆုံးမှု လေးရာကျော် ဖြစ်ပွားခဲ့ သည့် အမြန်လမ်းကို နိုင်ငံတကာ တွင် အသုံးပြုနေသည့် အမြန် လမ်းများနှင့် နှိုင်းယှဉ်ပါက လိုအပ်ချက်များစွာရှိနေကြောင်း ခရီး သည်နှင့် ကျွမ်းကျင်ပညာရှင်များ က သုံးသပ်မှုများရှိနေသည်။

ပြီးခဲ့သည့် သြဂုတ်လဆန်းပိုင်းကလည်း မိုးသည်းထန်စွာရွာခဲ့သောကြောင့် အမြန်လမ်းနေရာအချို့ ပျက်စီးမှုများဖြစ်ခဲ့ကာ ပြန်လည်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ရသည်။

7day Daily Issue No.492 မှတိုက်ရိုက်ကူးယူဖော်ပြပါသည်။

Author