ယာဉ်ထိခိုက်မှု ပြင်ဆင်ရန် အကြီးစားပြင်ဆင်ခွင့်လျှောက်ထားရာတွင် ပြင်ဆင်မည့်နေရာအား မှတ်တမ်းထားရှိ၍ ရဲမှုပြီးမှသာ ပြင်ဆင်ခွင့်ပြုပေးမည်

0

Full article

ယာဉ်မတော်တဆထိခိုက်မှုများဖြစ်ပွားခဲ့လျှင် ကား၏ဘေးတံခါးများ၊နောက်ခြမ်းများ ပြင်ဆင်၍ ရနိုင်ပြီး ယာဉ်၏ ချယ်စီတစ်ဝိုက်ထိခိုက်မှုအား ပြင်ဆင်မည်ဆိုပါက အကြီးစားပြင်ဆင်မှုလျှောက်ထားရာတွင် ပြင်ဆင်မည့်နေရာအား မှတ်တမ်းထားရှိ၍ ရဲမှုပြီးမှသာ ပြင်ဆင်ခွင့်ပြုပေးမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနကသိရပါသည်။

ယာဉ်အရောင်းအဝယ်ပြုလုပ်ရာတွင် အခွံချိန်း၊ အလုံးချိန်းခြင်းနှင့် body coach ပြောင်းလဲလာသည်ကို စစ်ဆေးတွေ့ရှိပါ က ယာဉ်မှတ်ပုံတင် ဖျက်သိမ်း၍ လိုင်စင်မဲ့ယာဉ် အဖြစ်သတ်မှတ်သိမ်းဆည်းသွားမည်ဆိုသော သတင်းများကြောင့် ယာဉ်မှန်၊ မမှန် စစ်ဆေးပြီးမှ ဝယ်ယူမှုရှိနေပြီး ယာဉ်တစ်စီး ထိခိုက်မှုဖြစ်လာပါက မိမိသဘောဖြင့် ပြင်ဆင်မှုကို ခွင့်မပြုဘဲ ကညနတွင် အကြီးစားပြင်ဆင်မှုလုပ်ဆောင်ရန် လျှောက်ထားရမည်ဖြစ်ရာ ယာဉ်အားတစ်ပါတည်းယူဆောင်ပြီး ပြင်ဆင်ထားသောနေရာကို အမှတ်အသားပြုလုပ်ထားရှိမည်ဖြစ်ကြောင်း သိရသည်။

"ထိခိုက်မှုဖြစ်လို့ အကြီးစားပြင်ဆင်ခွင့်လျှောက်မယ်ဆိုရင် ဖြစ်ထားတဲ့ကားကို တစ်ပါတည်းယူလာဖို့လိုတယ်။ ကားရဲ့ချယ်စီနေရာကိုထိလို့ပြင်တော့မယ်ဆိုရင်တော့ အကြီးစားပြင်ဆင်ခွင့်လျှောက်ရမယ်။ ဘယ်နေရာတွေပြင်ဆင်မယ်ဆိုတာလည်း ဓါတ်ပုံအထောက်အထားပြရပါမယ်။ အဲ့ဒီပြင်ထားတဲ့နေရာကိုလည်း ကညန မှာ အမှတ်အသားမှတ်တမ်းထားရှိထားမှာပါ။"ဟု ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာန ယာဉ်စစ်ဆေးရေး တာဝန်ရှိအင်ဂျင်နီယာမှူးတစ်ဦးကပြောကြားသည်။

ယာဉ်အစိတ်အပိုင်းမမှန်ကန်သော မှတ်ပုံတင်မဲ့ယာဉ်များအသုံးပြု၍ body coach ဖောက်စွပ်ဖြတ်ဆက် ထားသောကားများကို ဘော်ဒီရုံများမှ လက်ခံဆောင်ရွက်မပေးသင့်ကြောင်း ဘောင်အမှတ် chassic နံပါတ်အမှတ်အား မထိခိုက်အောင် ပြုလုပ်လာသော်လည်း ယာဉ်မှာ road safety မဖြစ်သဖြင့် ၂ဝ၁၅ မော်တော်ယာဉ်ဥပဒပုဒ်မ ၁၈-င အရ မှတ်ပုံတင်ဖျက်သိမ်းခံရမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနအသိပေးထားရှိသည်။

Regulation

Author