Full article

ပြည်ပမှ မော်တော်ယာဉ်များကို တင်သွင်းခွင့်ပြုခဲ့ရာတွင် မော်တော်ယာဉ်တင်သွင်းသူ အချို့သည်ပြည်ပမှတိုက်ကြေကားများကို တင်သွင်းလာမှုများရှိနေသည့် အတွက် အကောက်ခွန်ဦးစီးဌာနမှ စိစစ်လျက်ရှိရာ ယခုအခါတွင် ပြည်ပမှတင်သွင်းလာပြီး ဆိပ်ကမ်းရောက်နေသည့် ![images2](/redline/content/images/2014/01/images2.jpg)

မော်တော်ယာဉ်များအနက် ယာဉ် (၂၂) စီးကို တိုက်ကြေကားဟု ယူဆ၍အကောက်ခွန်ဦးစီးဌာနမှ စိစစ်လျက်ရှိကြောင်း သိရသည်။ ဤကဲ့သို့ တိုက်ကြေကားများ တင်သွင်းလာမှုကို စနစ်တကျသတ် မှတ်၍ စိစစ်လျက်ရှိခြင်းကြောင့် တိုက်ကြေကား တင်သွင်းမှုများလျော့ ကျလာကြောင်းသိရှိရသည်။ တိုက် ကြေကားတင်သွင်းမှု စီစစ်ခြင်းကို ဇန်နဝါရီ လလယ်လောက်မှစတင်၍ တိုက်ကြေကားများတင်သွင်းမှုရှိလာ သည့်အတွက် ပြုလုပ်ခဲ့ရခြင်းဖြစ် ကြောင်းသိရှိရသည်။ ယခင်ကပြည်ပ မှတင်သွင်းလာသည့် မော်တော်ယာဉ်များတွင် တိုက်ကြေများဟု ယူဆရသောမော်တော်ယာဉ်များ စိစစ်ရာတွင် ပထမ အကြိမ်အဖြစ် တိုက်ကြေကား (၂၇) စီး၊ ဒုတိယအကြိမ်တွင် (၄၂) စီး၊ တတိယအကြိမ်တွင် (၃၂) စီး၊ စတုတ္ထအကြိမ်တွင် (၂၈) စီး စသည် တို့ကို စိစစ်၍ တိုက်ကြေကားစုစု ပေါင်း (၁၂၉) စီးကို ပြည်သူ့ဘဏ္ဍာ အဖြစ် သိမ်းဆည်းခဲ့ကြောင်း သိရှိရသည်။ ထို့အပြင် တိုက်ကြေကား တင်သွင်းသည့် ကုမ္ပဏီလုပ်ငန်းရှင်များကိုလည်း ကားတင်သွင်းခွင့်တစ်နှစ် ပိတ်ပင်ခဲ့သည်။

Ref: Auto World

Author