Daewoo အမျိူးအစား မီနီဘတ်စ် နှင့် စီးတီးဘတ်စ်ကားများ မြန်မာနိုင်ငံတွင် ပထမဆုံး ထုတ်လုပ်မည်

0

Full article

![](/redline/content/images/2017/06/1111-300x169.jpeg)

Photo Credit

စက်မှူ ဝန်ကြီးဌာနDaewoo Bus Corporation နှင့် MTC ,(Myanmar trade center) တို့ပူးပေါင်း၍ BS106 City Bus ၊ မီနီဘတ်စ်ကားများကို Premium Quantity ဖြင့် ထုတ်လုပ်ရောင်းချဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း သိရသည်။ အခုထုတ်လုပ်မယ့် ကားတွေက Daewoo အမျိူ းအစား မီနီဘတ်စ်နဲ့စီးတီးဘတ်စ် ကားတွေဖြစ်ပါတယ်။တစ်နှစ်ကို ကားအစီး ၂၅ဝ ထုတ်လုပ်ဖို့ မှန်းထားပါတယ်။ စက်မှူဝန်ကြီးဌာနနဲ့အကျိူ းတူလုပ်ထားတာပါ။အဓိက က အများပြည်သူသယ်ယူပို့ဆောင်ရေးကို ဦးစားပေးတာပါ။Daewoo က နည်းပညာအတိုင်း BRT ယာဉ်လိုင်း မှာ ၁ နှစ်တိတိ ကားအစီးရေ ၁၅ စီးစမ်းသပ်ပြေးဆွဲပီးပါပီ။မြန်မာပြည်ရဲ့လမ်းအနေအထား တွေအားလုံးတွက်ချက်ထးပါတယ်။

အပြင်မှာပြောနေကြလို တံဆိပ်ကပ်ထုတ်လုပ်မှညဖြစ်ပါတယ်။ဒီကားကိုလိုက်ပီးထုတ်မှာမဟုတ်ပါဘူး။Daewoo ရဲ့စံနှူန်းအတိုင်း ထုတ်လုပ်သွားမှာပါ။ ပြည်တွင်းလိုအပ်ချက်ကို ဦးစားပေးထုတ်လုပ်မှာပါ။ဟု Myanmar Trade Center မန်နေဂျင်း ဒါရိုက်တာ ဒေါက်တာ ကျော်ကျော်အောင်က ပြောထားသည်။ အဆိုပါ ကားထုတ်လုပ်မှူကို CNG နှင့် Diesel Engine နှစ်မျိုးစလုံး တပ်ဆင်ထုတ်လုပ်သွားမည်ဖြစ်ပါကြောင်း၊ ပထမအဆင့်တွင် ဘတ်(စ်) ကား Body များကို ကိုရီးယားနိုင်ငံမှ တင်သွင်းမည်ဖြစ်ပြီး ဒုတိယအဆင့်တွင် ဘတ်(စ်)ကား Body အပါအဝင် အချို့အစိတ်အပိုင်းများကို ပြည်တွင်း၌ ထုတ်လုပ်သွား မည်ဖြစ်ကြောင်း၊ မော်တော်ယာဉ်ထုတ်လုပ်မှု နည်းပညာများကိုလည်း ကိုရီးယားနိုင်ငံမှ အဆင့်အလိုက် လွှဲပြောင်းလက်ခံရယူသွားမည်ဖြစ်ကြောင်း၊ မော်တော်ယာဉ်ထုတ်လုပ်မှု၊ ပြုပြင်ထိန်းသိမ်းရေးနှင့် မောင်းနှင်မှု သင်တန်းများလည်း တစ်ပါတည်းဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း၊ စက်အရံပစ္စည်းရရှိရေးအတွက် ၁ဝဝ% အာမခံချက်ပေးပြီး After Sale Service ဝန်ဆောင်မှုများလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ မြန်မာနိုင်ငံတွင် ထုတ်လုပ်မည့် Daewoo Busနှင့် Mini Busများ၏ Styling & Modelling ကိုဥရောပဒီဇိုင်းအား အခြေခံ၍ထုတ်လုပ်ထားကြောင်း သိရသည်။ ခရီးသည်တင် Bus BS-106 Model ကို290HP, CNG Engine,Emission Standard (Euro-4)နှင့် 300HP, DieselEngine, Emission Standard (Euro-3)အမျိုးစား နှစ်မျိုးနှင့် School Bus အဖြစ်အဓိကအသုံးပြုနိုင်မည့် ၂၉ ယောက်စီး Lestar Mini Bus, 170HP, Diesel Engine, Emission Standard (Euro-3)အမျိုးအစား တစ်မျိုးတို့ကို ဈေးကွက်လိုအပ်ချက်နှင့်အညီ တပ်ဆင်ထုတ်လုပ်သွားမည် ဖြစ်သည်။ Daewoo Bus ကားများကို ပထမဆုံးအကြိမ် စတင်တာထုတ်လုပ်မည်ဖြစ်ရာ တစ်နှစ်လျှင်ကား အစီးရေ ၂၅ဝ ထုတ်လုပ်၍ နှစ်စဉ် ကားအစီး ၁ဝဝ တိုးမြင့်ထုတ်လုပ်သွားမည်ဖြစ်ရာ ယခုနှစ်ကုန်တွင် မီနီဘတ်စ် ကားများကို စတင်ထုတ်လုပ်၍ စီးတီးဘတ်စ်ထုတ်လုပ်မှူကို မူ လာမည် နှစ်လယ်လောက်မှသာ စတင်ထုတ်လုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

ခေတ်သစ်

Author