Cycle & Carriage Automobile Myanmar Co., Ltd မှ New Mazda 3S Showroom ကို ရန်ကုန်မြို့၌ဖွင့်လှစ်

0

Full article

ပြီးခဲ့သော မတ်လ ၂၂ ရက်နေ့က Cycle & Carriage Automobile Myanmar Co., Ltd ၏ Mazda 3S အရောင်းပြခန်းအသစ်ကို အမှတ် (၅၁) ပြည်လမ်း (၇)မိုင်ခွဲ၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့တွင် ပြောင်းရွေ့ဖွင့်လှစ်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။

Mazda 3S အရောင်းပြခန်းအသစ်တွင် တိုးတက်များပြားလာသော Mazda စီးနှင်းသူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ပြုပြင်ထိန်းသိမ်းသည့် Service Center အတွင်း Work Bay (5) ခုအထိပါဝင်ပြီး ကျွမ်းကျင်ဝန်ထမ်းများ နှင့် အဆင်မြင့်နည်းပညာများ အသုံးပြု၍ ဝယ်ယူစီးနှင်းသူများ၏ လိုအပ်ချက်များကို တစ်နေရာထဲတွင် အကောင်းဆုံးဝန်ဆောင်မူများ၊ စိတ်ကျေနပ်မူများပေးနိုင်သော "One Shop Stop" အဖြစ်ဖွင့်လှစ်လိုက်ခြင်းလည်းဖြစ်သည်။ ထို့အပြင်  မော်တော်ကားဝယ်ယူသူများအတွက် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများပေးနိုင်ရန်အတွက်လည်း အသင့်ပြင်ထားပြီးဖြစ်သည်ဟုလည်း ဆိုထားသည်။

နိုင်ငံတကာတွင်လည်း Mazda သည် လူနေမူမြင့်မားရေး နှင့် သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းစောင့်ရှောက်ရေး စသည်တို့အတွက်လည်း "Zoom-Zoom-2030 (Sustainable Zoom-Zoom-2030)" နည်းပညာကို ၂ဝ၁၇ တွင်း စတင်မိတ်ဆက်ခဲ့ပြီးနောက် New Generation Model ကားများဖြစ်သည့် ၂ဝ၁၈ နိုဝင်ဘာလတွင် The All-New Mazda 3 တွင်လည်းကောင်း၊ ၂ဝ၁၉ မတ်လတွင် The New Mazda CX-30 တို့တွင်လည်းကောင်း ထည့်သွင်းအသုံးပြု၍ မိတ်ဆက်ခဲ့ပြီးဖြစ်၏။ အဆိုပါ မော်ဒယ်အသစ်ယာဉ်နှစ်မျိုးစလုံးတွင် Mazda ၏ ကို်ယ်ပိုင် KODO Design နှင့် Skyactiv နည်းပညာများကိုလည်း ထည့်သွင်းအသုံးပြု၍ အဆင့်မြင့်တင်မူများပြုလုပ်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအတွက် ပထမဦးဆုံး Mazda အရောင်းပြခန်းကို ၂ဝ၁၄ ခုနှစ်တွင် ရန်ကုန်မြို့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး တစ်နိုင်ငံလုံးရှိ ဝယ်ယူစီးနှင်းသူများအတွက် မန္တလေးမြို့တွင်ပါ ဖွင့်လှစ်ပြီး Mazda ချစ်သူများထံ Mazda ကားများအား အကောင်းဆုံးသော ဝန်ဆောင်မူများဖြင့် ဖြန့်ဖြူးရောင်းချပေးခဲ့ရာ ယနေ့အထိ မော်တော်ယာဉ်အစီး (၂,ဝဝဝ) ကျော်အထိပင် ရောင်းချခဲ့ပြီးဖြစ်ပါသည်။ ထို့အပြင်လည်း ၂ဝ၁၇/၂ဝ၁၈ ခုနှစ်များတွင် Mazda ၏ ကားများအတွက် "Myanmar Car of the Year" ဆု (၄) ဆုအထိဆွတ်ခူးနိုင်ခဲ့ပြီးဖြစ်သည်။

Mazda 3S Showroom Grand Opening တွင် ဦးအောင်မိုးကျော်၊ Mr. Haslam Preeston၊ ၊ Mr. Hiroshi Inoue ၊  Mr. Adrian Short တို့မှ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြသည်။

Author