မော်တော်ယာဉ်တစ်စီး၏ ရှဲလ်၊ မီးလုံး နှင့် ရုပ် ပြောင်းလဲထားသည့်ကားများ ရဲစခန်းအပ်မည်မဟုတ်ဘဲ မူလစက်ရုံထုတ်ပုံစံအတိုင်း ပြန်လည် ပြင်ဆင်ရမည်

0

Full article

မော်တော်ယာဉ်တစ်စီး၏ ထုတ်လုပ်ထားသော ရုပ်ပြောင်းလဲခြင်းနှင့် ရှဲလ်၊ မီးလုံး ပြောင်းလဲထားသောကားများကို ရဲစခန်းအပ်သိမ်းဆည်းမည်မဟုတ်ဘဲ မူလစက်ရုံထုတ်ပုံစံအတိုင်း ပြန်လည် ပြင်ဆင်ရမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနက သိရသည်။မော်တော်ယာဉ်များကနဦးယာဉ်မှတ်ပုံတင်လုပ်ငန်း ယာဉ်စစ်ဆေးမှုလုပ်ငန်းများ လာရောက်ဆောင်ရွက်ရာတွင် မော်တော်ယာဉ်၏ ခုနှစ်ပုံစံ(ရုပ်)၊ အတိုင်းအတာ၊ တင်အားများသည် မူလစက်ရုံထုတ်ပုံစံနှင့် မတူညီခြင်းကို စစ်ဆေးတွေ့ရှိပါက အကောက်ခွန်မှ စစ်ဆေးထားသော ဓါတ်ပုံအထောက်အထားများ ပြသ၍မရဘဲ ယခင်မူလစက်ရုံထုတ်ပုံစံအတိုင်း ပြန်လည်ပြင်ဆင်ရမည်ဖြစ်ကြောင်း သိရသည်။

" ယာဉ်တစ်စီးကို ရုပ်ပြောင်းထားတာ ရှဲလ်ပြောင်းထားတာ မီးလုံး၊ မီးခွက် ပြောင်းထားတဲ့ကားတွေကို ရဲစခန်းမအပ်ပါဘူး။ အရင်စက်ရုံထုတ်ပုံစံအတိုင်းပြန်ပြင်ရမယ်။ ကနဦးမှတ်ပုံတင်ရင်လည်း မူလစက်ရုံက တင်သွင်းထားတဲ့ ပုံစံဘဲဖြစ်ရမယ်။ ကာစတန်ကစစ်ဆေးတဲ့ ဓါတ်ပုံအထောက်အထားပြရလည်း မရပါဘူး။"ဟု ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနအကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

မော်တော်ယာဉ်များကို ယာဉ်၏ ခုနှစ်ပုံစံ(ရုပ်)၊ အတိုင်းအတာနှင့် တင်အားများသည် မူလစက်ရုံထုတ်ပုံစံနှင့်ကွဲလွဲပြုပြင်ထားမှုများရှိနေပြီး ထိုကားများကို ယာဉ်သက်တမ်းမှတ်ပုံတင်လုပ်ငန်းဆောင်ရွက်ပါက အချက်အလက်များနှင့် တိုက်ဆိုင်စစ်ဆး၍ ခွင့်ပြုပေးမည်ဖြစ်သော်လည်း အသိပေးကြေငြာထားသည့်နောက်ပိုင်း ကနဦးယာဉ်မှတ်ပုံတင်လာရောက်ဆောင်ရွက်ရာတွင် မူလစက်ရုံထုတ်နှင့်ကွဲလွဲပြုပြင်လာသည့်ယာဉ်များကို လက်ခံဆောင်ရွက်ပေးမည်မဟုတ်ကြောင်း ကညနက အသိပေးကြေငြာထားရှိသည်။

regulation

Author