ဆိပ်ကမ်းများတွင် ကားထုတ်ယူမှု စစ်ဆေးမှုအပိုင်းကို နောက်ပိုင်းတွင် ဖြေလျှော့ပေးမည်

0

Full article

ဆိပ်ကမ်းမှ မော်တော်ယာဉ်များ ထုတ်ယူရာတွင် စစ်ဆေးမှုရှိနေသော်လည်း နောက်ပိုင်းတွင် MACCS system ဖြင့် ကားတင်သွင်းရာတွင် တစ်ခြားကုန်ပစ္စည်းများအတိုင်း စစ်ဆေးခံရသောအပိုင်း ဖြေလျှော့ပေးသွားမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနကသိရသည်။

"ကားသွင်းတာကိုလည်း နောက်ပိုင်းမှာ တစ်ခြားကုန်ပစ္စည်းတွေ တင်သွင်းသလို ဆိပ်ကမ်းမှာ ကားစစ်ဆေးတာတွေ မလိုတော့ဘူး။ red channel အတိုင်းဖြတ်ရမှာပါ။ channel ၃ ခုခွဲထားတယ် ။နောက်ပိုင်းကျရင် အဲ့အတိုင်းကျတဲ့ channel မှာ ကားထုတ်ရဖို့ရှိပါတယ်။"လို့ အကောက်ခွန်ဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဦးတင်မောင်ထွန်းက ပြောကြားသည်။

ဆိပ်ကမ်းများတွင် ကားထုတ်ယူရာတွင် စစ်ဆေးမှုပြုလုပ်ပြီးမှ ထုတ်ယူပေးနေသော်လည်း channel လိုင်းများ ဖြတ်သန်းသော စနစ်များ ပြုလုပ်ရန် လုပ်ဆောင်သွားမည်ဖြစ်ပြီး red channel ကျသော ကုန်ပစ္စည်းများကို စက်များဖြင့် စစ်ဆေးခံယူရကြောင်း သိရသည်။

R-01

Author