အကောက်ခွန်ဒဏ်ကြေး VPA ဖြင့် သိမ်းဆည်းထားသောကားများ ပြန်ထုတ်ပေးမည်

0

Full article

![](/redline/content/images/2017/06/1111-3-300x200.jpg)

_ Photo Credit_

ပြည်ပနိုင်ငံကနေ ကားတင်သွင်းသည့် လိုင်စင်ပါမစ်မရရှိဘဲ ကုန်ပစ္စည်းကြိုတင်ရောက်ရှိနေခြင်းကို ကားသိမ်းဆည်းမည့် ပြစ်ဒဏ် VPA (Valid for Prior Arrival) လိုင်စင်ပါမစ်မရမှီကားရောက်ခြင်းနှင့် ကားရောက်ပြီးမှ Amendment ရရှိခြင်း)ဒဏ်ကြေးထိထားသော ကားများကို ပြန်ထုတ်ပေးမည်ဖြစ်တယ်လို့ ကြီးကော်အစည်းအဝေး ကသိ သိရပါသည်။ ၂ဝ၁၇ ခုနှစ်တွင် ပြည်ပနိုင်ငံတွေကနေ ကားတင်သွင်းရာတွင် သတ်မှတ်ထားရှိတဲ့ အကောက်ခွန်ဒဏ်ကြေးတစ်ခုဖြစ်တဲ့ ကားတင်သွင်း လိုင်စင်ပါမစ်မရရှိဘဲ ကုန်ပစ္စည်း ကြိုရောက်ရှိနေခြင်း၊ ကုန်ပစ္စည်း ရောက်ရှိပြီးမှ လိုင်စင်ပြင်ဆင်ချက်ပြုလုပ်ခြင်းတို့ကို နိုင်ငံတော်ပိုင်အဖြစ်သိမ်းဆည်း ရန် သတ်မှတ်ထားသည့် အကောက်ခွန်ဒဏ်ကြေးဖြေလျှော့ပေးလိုက်တာဖြစ်သည်။ လိုင်ပါမစ်မရရှိဘဲ ကုန်ပစ္စည်းကြိုရောက်တဲ့ VPA ဒဏ်ကြေးဖြေလျှော့ ပေးဖို့ အတည်ပြုတာပါ။ ဘယ်ရက်က စတင်ပြီးလုပ်ဆာင်ပေးမယ်ဆိုတာတော့ မသိသေးပါဘူး။

ဟု ကြီးကော်အစည်းအဝး တက်ရောက်ခဲ့သူ အရာရှိတစ်ဦးက ပြောပါတယ်။ လိုင်စင်ပါမစ်မရဘဲ ကားတင်သွင်းလာသည့် ကားများကို သိမ်းဆည်းထားရှိသော အမှူတွဲမှာ များပြားနေပြီး

ကြီးကော်အစည်းအဝေးတွင် ပြန်လည်ဖြေလျှော့ ပေးသင့်ကြောင်းတင်ပြလာသဖြင့် ထို့သို့ ဆုံးဖြတ်ပေးတာဖြစ်တယ်လို့သိရပါတယ်။ လိုင်စင်ပါမစ်မရရှိခင် ရောက်ရှိလာသည့် ကားများကို သိမ်းဆည်းထားရာ သင်္ဘောနောက်ကျနေတဲ့ ရက်အလိုက် ကားများထုတ်ယူခွင့်ပေးမှာ ဖြစ်သလို ဒဏ်ကြေးများ သတ်မှတ်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ခေတ်သစ်

Author