အကောက်ခွန် ဒဏ်ကြေးများ နိုင်ငံဘဏ္ဍသို့ အပြည့်အဝမရောက်ရှိဘဲ ဝန်ထမ်းများဆုကြေးငွေအဖြစ်ပေးနေ

0

Full article

ပြည်ပနိုင်ငံမှ တင်သွင်းလာသည့် မော်တော်ယာဉ်များအား ကောက်ခံရရှိနေသည့် အကောက်ခွန်ဒဏ်ကြေးများကို နိုင်ငံတော်ဘဏ္ဏာသို့ အပြည့်အဝမရောက်ရှိပဲ အ ကောက်ခွန်ဦးစီးဌာန အကောင့်တွင် ယင်းဒဏ်ကြေးငွေများအား သိမ်းစည်ထား၍ နှစ်ကုန်ပါက ထုတ်/သွင်း ဌာန မှ ဝန်ထမ်းများအား ဆုကြေးငွေအဖြစ် ခွဲတမ်းများ ပြန်လည်ခွဲဝေနေလျှက်ရှိနေသည်ဟု အကောက်ခွန်ဦးစီးဌာနနှင့် နီးစပ်သူများကနေ သိရ သည်။

၂ဝ၁၇ ခုနှစ်တွင် ပြေးလဲကောက်ခံနေသည့် အကောက်ခွန်ဒဏ်ကြေးအသစ်မှာ ပေးဆောင်ရမှုများပြားပြီး ဒဏ်ကြေးကောက်ခံရရှိသော ငွေကြေးအချို့ကို မော်တော်ယာဉ်များ အမှုဖွင့်ဖမ်းဆီးရမိသည့် ဝန်ထမ်းများ ပြန်လည်ခွဲဝေမှုများ ပြုလုပ်နေသည်ဟု သိရ သည်။

"ကားတစ်စီးစာထက်ကို အခွန်ကောက်တာ များနေတဲ့အတွက် တစ်ချို့ဆိုကားကို ဆိပ်ကမ်းက မထုတ်တော့ဘဲ အသိမ်းပဲခံလိုက်ကြတာများတယ်။ အခွန်ဆောင်ရမယ့် ငွေတွေကလည်း နိုင်ငံတော်ဘဏ္ဍာငွေထဲကို အပြည့်အဝ ရောက်သွားတာ မဟုတ်ဘူး။ ဆိပ်ကမ်းမှာ ကားကို ဖမ်းမိ အမှုဖွင့်တဲ့သူတွေကို ဆုကြေးငွေ အဖြစ်ပေးနေတယ်။ အခွန်ဘယ်လောက်ရတယ်ဆိုတာလည်း ပြည်သူကို တရားဝင် ချပြသင့်တယ်။"လို့ အကောက်ခွန်ဦးစီးဌာန နီးစပ်သူများထံကနေသိရသည်။

မော်တော်ယာဉ်များအား အသစ်ကောက်ခံနေသည့် အကောက်ခွန်ဒဏ်ကြေးအသစ်မှာ အဆမတန် များပြားစွာ ပေးဆောင်ရမည်ကို စိုးရိမ်၍ ကားတင်သွင်းသူ ပိုင်ရှင်များက ဆိပ်ကမ်းအတွင်း မော်တော်ယာဉ်များကို မထုတ်ယူဘဲ အဆုံးရှုံးခံလာကြသည်ဟု သိရ သည်။

ပြည်ပမှတင်သွင်းလာသော မော်တော်ယာဉ်များကို ဒဏ်ကြေးသတ်မှတ်ထားရာတွင် အချို့သော လွဲမှားမှုများနဲ့ Type လွဲ ကွဲလွဲသော ဒဏ်ကြေးများကြောင့် ယာဉ်တင်သွင်းသူများ ဆုံးရှုံးမှုများ ဖြစ်ပေါ်နေပီး ပြန်လည် ပြင်ဆင်ပေးသင့်ရန်လိုအပ်ကြောင်း သိရ သည်။

Author