အကောက်ခွန်ဒဏ်ကြေးမှာ မတ်လ ၁၁ ရက်မှစမည်ဖြစ်သော်လည်း မတ်လ ၁ဝ ရက်နေ့ ရောက်သည့်ကားများကို Arrival Date ဖြင့်သတ်မှတ်သွားမည်

0

Full article


၂ဝ၁၇ ခုနှစ်အတွက် ပြည်ပမှတင်သွင်းလာသော ကားများကို အကောက်ခွန်လုပ်ထုံးလုပ်နည်းအရ ဒဏ်ကြေးသတ်မှတ်ခြင်းကို မတ်လ ၁၁ ရက်မှစမည်ဖြစ်သော်လည်း မတ်လ ၁ဝ ရက်နေ့ ရောက်သည့်ကားများကို Arrival Date ဖြင့်သာသတ်မှတ်သွားမည်ဖြစ်တယ်လို့ အကောက်ခွန်ဦးစီးဌာနတာဝန်ရှိသူတစ်ဦးကပြောပါတယ်။အကောက်ခွန်ဒဏ်ကြေးအရ သွင်းကုန်လိုင်စင်မလျှောက်ရသေးပဲ ကားများကြိုတင်ရောက်ရှိနေခြင်း ၊ ကားရောက်ပြီးမှ ပါပစ်ရရှိခြင်း/ ပြင်ဆင်ခြင်း၊Main Brand ကွဲလွဲခြင်း၊ Brand Not found ၊C/O Not Found ၊ Witout Body တင်သွင်းလာခြင်း ၊ Model year Down တင်သွင်းလာခြင်း ၊ ဘယ်မောင်းသတ်မှတ်ချက်အား ညာမောင်းသွင်းလာခြင်း ၊ BRAND NEW အစား USE သို့မဟုတ် RECON သွင်းလာခြင်း ၊ LIC / PERMIT / ID ခွင့်ပြုချက်နှင့်လုံးဝကွဲလွဲနေခြင်း တို့ကို့ မတ်လ ၁၁ ရက်နေ့မှစကာ သိမ်းဆည်းသွားမည်ဖြစ်တယ်လို့ ကြေငြာထားရှိသည်။

ထိုသို့ မတ်လ ၁၁ ရက်နေမှစ၍ အကောက်ခွန်ဒဏ်ကြေး အကျူံ းဝင်မည်ဖြစ်သော်လည်း မတ်လ ၁ဝ ရက်နေ့ရောက်လာသည့်ကားများကို Arrival Date ဖြင့်သတ်မှတ်သွားမည်ဖြစ်တယ်လို့ သိရပါတယ်။

၂ဝ၁၇ ခုနှစ်အတွက် ထုတ်ပြန်ထားသည့်အကောက်ခွန်ဒဏ်ကြေးများသည် တစ်ချို့အချက်များတွင် တိကျသေချာစွာ ဖော်ပြထားခြင်းမရှိဘဲ ကားတင်သွင်းသူများအခက်တွေ့စေသည့်ကိစ္စရပ်များကို ဖော်ပြထားမှူတွေရှိနေကြောင်း ကားတင်သွင်းသူလုပ်ငန်းရှင်များက ပြောဆိုနေကြပါတယ်။

ခေတ်သစ်

Author