အုပ်စု C တွင်ပါဝင်သော delivery van ကား ၃၃၁ စီး သိန်း ၈ဝ အထိ ဒဏ်ရိုက်ထားကာ လာရောက်ထုတ်ယူမှု တစ်စီးမှ မရှိသေး

0

Full article

ဆိပ်ကမ်းများတွင်ရှိသော အုပ်စု C တွင် ပါဝင်နေသည့် delivery van ကားအစီး ၃၃၁ စီး ကို 1/2 AV ဒဏ်ကြေး သတ်မှတ်ထားရာ သိန်း ၈ဝ နီးပါးဆောင်ရမည်ဖြစ်၍ ယနေ့အထိ လာရောက်ထုတ်ယူသော ကားတစ်စီးမှ မရှိသေးကြောင်း အကောက်ခွန်ဦးစီးဌာနက သိရသည်။

Delivery van ကားများကို အုပ်စု A,B,C,D ဟူ၍ ၄ စု ခွဲထားပြီး အုပ်စု Aနှင့် B တွင် ပါဝင်သည့် ကားအစီးရေ ၇၅ စီးကို ဒဏ်ကြေးကင်းလွတ်ခွင့်ပေးထားသော်လည်း အုပ်စု C တွင် ပါဝင်သည့် ကားအစီးရေ ၃၃၁ စီးကိုတော့ 1/2 AV ဒဏ်ကြေးသတ်မှတ်ထား၍ ဧပြီလ ၂၇ နေ့မှစတင်ကာ လာရောက်ထုတ်ယူခွင့် ပြုထားပြီးဖြစ်ကြောင်း သိရသည်။

" Delivery van ကားတွေကို အုပ်စု ၄ စုခွဲထားတယ်။ A နဲ့ B အုပ်စုကတော့ ဒဏ်ကြေးကင်းလွတ်ခွင့် ပေးထားလို့ လာထုတ်ကြတာတော့ရှိကြတယ်။ အုပ်စု C ထဲမှာပါတဲ့ ကားတွေကိုတော့ ဆိပ်ကမ်းကနေလာထုတ်တာမရှိသေး ပါဘူး။ လာလာမေးနေတာပဲရှိကြတယ်။ " ဟု အကောက်ခွန်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မော်တော်ယာဉ်တင်သွင်းခြင်းနှင့်သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်မှုကော်မတီက သတ်မှတ်ချက် ၄ ချက်နှင့်အညီ တင်သွင်းလာသော delivery ကားများအား အုပ်စု C တွင် ထည့်သွင်းထားရာ 1/2 AV ဒဏ်ကြေးသတ်မှတ်ပြီး ထုတ်ယူခွင့်ပေးနေသော်လည်း CIF တန်ဖိုးနည်းကားများက သိန်း၃ဝ ကျော်နှင့် CIF တန်ကြေးမြင့်ကားများက သိန်း၈ဝ အထိ ဒဏ်ကြေးပေးရပါက ကားထုတ်ယူရန် မလွယ်ကူ၍ ကားတင်သွင်းသူများက မထုတ်ယူကြကြောင်းသိရသည်။

Market

Author