CarsDB မှ ကြီးမှုးပြီး AMI အာမခံလုပ်ငန်းနှင့် ပူးပေါင်းကာ လစဉ်လတိုင်း ကျင်းပလျက်ရှိရာ October လရဲ့ Free and Easy CarFriday ပွဲကို 28.10.2016 (သောကြာနေ့)က Vintage Yacht Hotel ရဲ့ Pirate Restaurant မှာ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီး CarsDB ရဲ့ Feature အသစ်များနှင့်အတူ ထူးခြားတဲ့ Promotion များကိုလည်း ပြုလုပ်ပေးသွားခဲ့ပြီး ပျော်ရွှင်စရာ ဂိမ်း အစီအစဉ်များကျင်းပကာ အမှတ်တရပစ္စည်းများကိုလည်း ပေးဝေပေးခဲ့ပါတယ်။ တက်ရောက်ချီးမြှင့်ပေးသွားပါသော ဧည့်ပရိတ်သတ်များအားလုံးကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။