ရန်ကုန်ပြည်သူ့ဆေးရုံကြီးအနီး စည်းကမ်းမဲ့ရပ်နားထားသော တက္ကစီများ ကရိန်းကားဖြင့်ဆွဲ၍ ဖယ်ရှားရှင်းလင်းမည်

0

Full article

ရန်ကုန်ပြည်သူ့ဆေးရုံကြီးဝန်း အဝင်အဝနှင့် လမ်းမများပေါ်တွင် စည်းကမ်းမဲ့ရပ်နားထားသော တက္ကစီများကို ကရိန်းကားဖြင့်ဆွဲ၍ ဖယ်ရှားရှင်းလင်းသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ရန်ကုန်ပြည့်သူ့ဆေးရုံကြီးအဝင်အဝတွင် ခရီးသည်များအတင်အချပြုလုပ်ခြင်းနှင့် taxi stand နေရာတွင် ရပ်နားခြင်းမပြုလုပ်ဘဲ ဆေးရုံရှေ့တွင် ရပ်နားထားသော တက္ကစီများကို ကရိန်းယာဉ်များဖြင့် အဆင်သင့်စောင့်ဆိုင်း၍ ဖယ်ရှားရှင်းလင်းအရေးယူမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

" ရန်ကုန်ဆေးရုံးဝန်းအဝင်အဝမှ လမ်းပေါ်မှာရပ်နားထားတဲ့တက္ကစီတွေကို ကရိန်းနဲ့ဆွဲတာတွေလုပ်သွားမယ်။စည်းကမ်းမဲ့ရပ်နားပြီး ခရီးသည်ခေါ်နေတာတွေကိုလည်း လှည့်ကင်းတွေနဲ့အရေးယူတာတွေလုပ်သွားမှာပါ။ဆေးရုံရှေ့မှာ taxi ရပ်နားဖို့ စီစဉ်ပေးထားတဲ့ နေရာတွေမှာမရပ်ဘဲ ဆေးရုံအဝင်အဝတွေမှာ ရပ်နားတဲ့ကားတွေ နဲ့ ဘတ်စ်ကား မှတ်တိုင်မှာရပ်နားတာတွေလည်းအရေးယူမှာပါ။"ဟု ရန်ကုန်တိုင်းယာဉ်ထိန်းရဲတပ်ဖွဲ့မှုရုံးမှအရာရှိဒုတိယရဲမှူးက ဆိုသည်။

ဘတ်စ်ကား မှတ်တိုင်တွင် ဝင်ရောက်ရပ်နားသော taxiနှင့် ကိုယ်ပိုင်ကားများကို ထိရောက်စွာ အရေးယူသွားမည်ဟု ကရင်တိုင်ရင်းသားလူမျိ ုးရေးရာဝန်ကြီးနော်ပန်းသဥ္ဇာမျိ ုးက မေ ၈ ရက်တွင် ပြုလုပ်ခဲ့သောရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဒုတိယအကြိမ် ဆဋ္ဌမပုံမှန်အစည်းအဝေးတွင် ပြောကြားထားရှိခဲ့သည်။

Law Enforcement

Author