Consignment ကားများ မိုဒယ်အလိုက်ကျပ် သိန်း ၃ဝ နှင့် သိန်း ၆ဝ ဖြင့် နယ်လိုင်စင်ဖြင့် မှတ်ပုံတင်ရမည့် ကိစ္စ အတည်ပြုလိုက်ပြီဖြစ်တယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကနေသိရပါတယ်။ Consignment စနစ်နဲ့တင်သွင်းထားသော ကားအစီးရေ ၄ဝဝ ကျော်သာရှိပြီး ထိုကားများကို ကညနအခွန် ၃ဝ ရာခိုင်နှုန်း လျှော့ချခွင့်ပြုပေးမည် ဖြစ်တယ်လို့ သိရပါသည်။ Consignment နဲ့တင်သွင်းထားတဲ့ကားတွေ နယ် လိုင်စင်ဖြင့်မှတ်ပုံတင်ရမှာကို စီးပွားရေးရာကော်မတီက ဆောင်ရွက်ဖိုအတည်ဖြစ်ပါပြီ။ လကုန်ရင်ကြေငြာချက်ထုတ်ပေးသွားမှာဖြစ်ပါတယ် ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ကားအရောင်းစင်တာများကနေ အပ်ကုန်စနစ်နဲ့ တင်သွင်းထားရှိသော ၂ဝဝဝ မိုဒယ်အောက် ကားများကို စလစ်ကပ်ရန်မလိုဘဲ သိန်း ၃ဝ ဖြင့် မှတ်ပုံတင်ရန်နှင့် ၂ဝဝ၁ မိုဒယ်မှ ၂ဝဝ၅ မိုဒယ်အထိ ကားများကို သိန်း ၆ဝ နဲ့ မှတ်ပုံတင်ရမှာဖြစ်ရာ ထိုကားများသည် နယ်လိုင်စင်ဖြင့်မှတ်ပုံတင်ပြုလုပ်ဆောင်ရွက်သွားရမည် ဖြစ်ပါတယ်။ ၂ဝဝ၆ မိုဒယ်မှ ၂ဝ၁၄ မိုဒယ်အထိကားများကတော့ ယာဉ်အိုယာဉ်ဟောင်းအစားထိုး တင်သွင်း၍စလစ်ကပ်တင်သွင်း မှတ်ပုံတင်လုပ်ဆောင်ရမှာ ဖြစ်တယ်လို့သိရပါတယ်။
ခေတ်သစ်
Photo Credit