တက္ကစီစနစ်အား စနစ်တကျဖြစ်စေရန် ထိန်းချုပ်ဆောင်ရွက်မှုများ ပြုလုပ်သွားမည်

0

Full article

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသော အဌားယာဉ်တက္ကစီကားများပြေးဆွဲမှုအား စနစ်တကျဖြစ်စေရန် ထိန်းချုပ်ဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ် YBS ၂  နှစ်ပြည့် အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသော အဌားယာဉ်တက္ကစီများကို စနစ်တကျ ပြေးဆွဲနိုင်ရန်အတွက် ထိန်းချုပ်မှုများ လုပ်ဆောင်သွားမည်ဖြစ်ပြီး Grab ၊ အိုးဝေ အစရှိသော အငှားယာဉ်တက္ကစီ ဝန်ဆောင်မှုလုပ်ငန်းများနှင့် ပေါင်းစပ်လုပ်ဆောင်လျက်ရှိရာ ရန်ကုန်တိုင်းအတွင်း ပြေးဆွဲနေသော
တက္ကစီကားအစီးရေမှာ များပြားလာနေကြောင်း သိရသည်။

" တက္ကစီစနစ်ကိုလည်း စနစ်တကျထိန်းသိမ်းဖို့အတွက် ထိန်းချုပ်ဆောင်ရွက်မှုတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။ Grab ၊ အိုးဝေ စတဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ ပေါင်းစပ်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။" ဟု ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ် YBS ၂ နှစ်ပြည့်အခမ်းအနားတွင်ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသွားခဲ့သည်။

ရန်ကုန်တိုင်းအတွင်း မောင်းနှင်သွားလာနေသည့် စတေကာကပ်ထားသော တက္ကစီ အစီးရေ ၆၆ စီး ကိုလုပ်ငန်းလိုင်စင် ဖျက်သိမ်းခြင်းနှင့် အုံနာဘုတ်များ သိမ်းဆည်းထားမှုများ ပြုလုပ်ခဲ့ပြီး ဘတ်စ်ကားမှတ်တိုင်များတွင် ရပ်နားပြီး လူအတင်အချပြုလုပ်နေသော တက္ကစီ ကားများကိုလည်း ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဟု သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ YRTA မှ တာဝန်ရှိသူတစ်ဦးက ပြောကြားထားခဲ့သည်။

Author