နယ်လိုင်စင်ဖြင့် ပြေးဆွဲနေသော အဌားယာဉ် (Taxi)အစီးရေကို ထိန်းချူ ပ်နိုင်ရန် ပထမအဆင့် လုပ်ဆောင်သွားရန်ရှိနေ

0

Full article


ရန်ကုန်တိုင်းဒေသကြီးအတွင်း နယ်လိုင်စင်ဖြင့် ပြေးဆွဲနေသော အဌားယာဉ် (Taxi )အစီးရေကို ထိန်းချူ ပ်နိုင်ရန် ပထမအဆင့် လုပ်ဆောင်သွားရန်ရှိနေတယ်လို့ အများပြည်သူသယ်ပို့ဆောင်ရေး အာဏာပိုင်အဖွဲ့က သိရပါတယ်။ရန်ကုန်မြို့တွင် အဌားယာဉ် (Taxi) အစီးရေ သိသာစွာများပြားနေပြီး ယာဉ်ကြောပိတ်ဆို့မှူဖြစ်ပွားနေမှူကို လျော့ချနိုင်ရန် အများပိုင်ဘတ်စ်ကားများကို စနစ်တကျပြေးဆွဲမှူ လုပ်ဆောင်ပြီးမှသာ Taxi အစီးရေ များပြားနေမှူကို ကိုင်တွယ်သွားမှာဖြစ်တယ်လို့သိရပါတယ်။

အဌားယာဉ် (Taxi) အစီးရေ လျော့ချနိုင်ရန်အတွက် ဆွေးနွေးမှူများ လုပ်ဆောင်နေလျှက်ရှိရာ အဌားယာဉ် Taxi အစီးရေကိုလည်း မြို့နယ်အလိုက် စာရင်းကောက်ခံသွားမှာဖြစ်တယ်လို့သိရပါတယ်။

Taxi အစီးရေ များပြားနေတာကို ထိန်းချူ ပ်နိုင်ဖို့ ဆွေးနွေးမှူတွေလုပ်ဆောင်နေပါတယ်။အများပိုင်ဘတ်စ်ကား စနစ်ကို စနစ်တကျ အကောင်အထည်ဖော်ပြီးတာနဲ့ လုပ်ဆောင်သွားမှာပါ။နယ်ကျော်ဝင်ရောက်နေတဲ့ Taxi တွေကို ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာလည်း ဆွေးနွေးထားပါတယ်။ဒါကတော့ ပထမအဆင့်အနေနဲ့ လုပ်ရမှာပါ။ Taxi တွေက ရှိသင့်တဲ့ ပမာဏာထက်ပိုပြီးများနေတာလည်းပါပါတယ်။လို့ အများပြည်သူသယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

အဌားယာဉ်( Taxi ) များ စနစ်တကျရပ်နားနိုင်ရန်အတွက် Taxistand များကို လူစည်ကားရာနေများတွင် ပြုလုပ်ပေးသွားမည်ဖြစ်ရာ မီတာ စနစ်ဖြင့်ပြေးဆွဲရန် စီစဉ်ထားရှိတယ်လို့လည်း သိရပါတယ်။

ခေတ်သစ်

Photo Credit

Author