စည်းကမ်းဖောက်ဖျက်သော ကားများကို Control Center မှ ဖမ်းဆီးခြင်း မပြုလုပ်သေး

0

Full article

Zawgyi ရန်ကုန် မီးပွိုင့်ဗဟိုထိန်းချုပ်ရေးစနစ် Control Center မှ စည်းကမ်းမဲ့ မောင်းနှင် သည့် မော်တော်ယာဉ်များကို ထိန်းချုပ်ခြင်း မလုပ်သေးကြောင်း ရန်ကုန်တိုင်း ယာဉ် ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးထံကနေ သိရပါသည်။

ရန်ကုန်မြို့၏ ယာဉ်သွားလာမှူများကို ထိန်းချုပ်စောင့်ကြည့်မည့် Control Centre စနစ်လုပ်ဆောင်နေမှုအား ၂ဝ၁၆ ခုနှစ် သြဂုတ်လတွင် အပြီးလုပ်ဆောင်ရမည်ဟု သတ်မှတ်ထားရှိရာ ယနေ့အထိ မပြီးစီးသေးသည့်အတွက် တစ်ရက်ကို ဒဏ်ကြေး ၁သိန်း ပေးဆောင်နေရကြောင်းသိရသည်။

"မီးပွိုင့် ၁၅၄ ခုစလုံးကို စောင့်ကြည့်တဲ့ အပိုင်းလုပ်နေပါတယ်။ စည်းကမ်းဖောက်ဖျက်တဲ့ ကားတွေကိုတော့ Control Centre က နေ ဖမ်းဆီးတာတွေ မလုပ်သေးပါဘူး။ တစ်ချိူ့ ဟာတွေက အဆင့်သင့်မဖြစ်သေးလို့ ကြာနေတာပါ။"လို့ ရန်ကုန်တိုင်းယာဉ်ထိန်းရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ထိုသို့ မော်တော်ယာဉ်များ သွားလာမှုများကို စောင့်ကြည့်ထိန်းချုပ်မည့် Control Centre စနစ်ပြီးစီးပါက ရန်ကုန်မြို့ ယာဉ်ကြောကြပ်တည်းမှု ၃ဝ ရာခိုင်နှုန်းအထိ ဖြေလျှော့ရန် လုပ်ဆောင်နိုင်ကြောင်း သိရပါသည်။

Control Centre မှ တစ်ဆင့် မော်တော်ယာဉ်များ မျဉ်းဝါဖြတ်ခြင်း၊ ရပ်မျဉ်းတွင် မရပ်ခြင်း၊ မီးနီဖြတ်ခြင်း၊ ပြိုင်မောင်းခြင်း စသည့် စည်းကမ်းလိုက်နာမှုမရှိသည့် မော်တော်ယာဉ်များကို နည်းပညာမြင့်သည့် View Camera များဖြင့် ကြည့်ရှုကာ ၄င်းတို့၏ ဆောင်ရွက်မှုများကို မှတ်တမ်းတင်ထားပြီး အရေးယူမှုများပြုလုပ်သွားနိုင်မှာ ဖြစ်သည်ဟု သိရသည်။

Author