Control Center မှ စည်းကမ်းပျက် ကားများ စောင့်ကြည့် ဖမ်းဆီးနိုင်မှူ မလုပ်ဆောင်နိုင်သေးဟုဆို

0

Full article

ရန်ကုန်တိုင်အတွင်း သွားလာနေသော စည်းကမ်းဖောက်ဖျက် ကားများကို Control Center မှ စောင့်ကြည့် ဖမ်းဆီးမှူ မလုပ်နိုင်သေးကြောင်း ရန်ကုန်တိုင်းယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးက သိရပါသည်။

ရန်ကုန်မြို့ ယာဉ်သွားလာမှူများကို စောင့်ကြည့်ထိန်းချူပ်မည့် Control center စီမံကိန်းမှာ ၂ဝ၁၆ ဩဂုတ်လတွင် ပြီးစီးရမည်ဟုသတ်မှတ် ထားသော်လည်း ယနေ့အထိ လုပ်ငန်းလုပ်ဆောင်ရန် အဆင့်သင့်မဖြစ်သေးဘဲ စာချူပ်ချူပ်ဆိုထားသည့်အတိုင်း တစ်ရက်လျှင် ဒဏ်ငွေ ၁သိန်းကျပ်ပေးဆောင်နေရကြောင်းလည်း သိရပါသည်။

" Control centre ကနေ စည်းကမ်းဖောက်ဖျက် တဲ့ကားတွေကို အရေးယူတာတွေ မလုပ်သေးဘူး။ အကြောင်းကြောင်းကြောင့် စနစ်အားလုံးက မပြီးစီးသေးလို့ လုပ်ငန်းမစတင်နိုင်သေးတာပါ။ တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ကုမ္ပဏီ နဲ့စာချူပ်ချူပ်ဆိုထားတဲ့အတိုင်း လုပ်ငန်းမပြီးစီးသေးလို့ တစ်ရက်ကို ဒဏ်ငွေ ၁သိန်း ပေးဆောင်နေရပါတယ်" ဟု ရန်ကုန်တိုင်းဒေသကြီး အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ ဒုတိယတပ်ဖွဲ့ခွဲမှူး ဦးသိန်းဦး က ပြောပါသည်။

ရန်ကုန်မြို့ ယာဉ်သွားလာမှူများ စည်ကမ်းဖောက်ဖျက်ယာဉ်များကို စောင့်ကြည့်ထိန်းချူပ်မည့် ဗဟိုထိန်းချုပ်ရေး Control center စီမံကိန်း အကောင်အထည်ဖော်မှုကို ယခင်အစိုးရလက်ထပ်တွင်စတင်ခဲ့ရာ မြန်မာငွေကျပ် ဘီလီယံ ၂ဝ ကိုအသုံးပြု၍ ဆောင်ရွက်ခြင်းဖြစ်ပြီး မြန်မာရွှေယင်းကုမ္ပဏီမှ တာဝန်ယူဆောင်ရွက် ပေးလျက်ရှိပြီး စီမံကိန်းကာလ သတ်မှတ်ချက်အရ ၂ဝ၁၆ ဩဂုတ်လတွင် ပြီးစီးရမည်ဟုသတ်မှတ်ထားသည်။

သို့သော် သတ်မှတ်ချိန်ကာလအတွင်း တည်ဆောက်မှုမပြီးစီးခြင်းကြောင့် တည်ဆောက်နေသည့်ကုမ္ပဏီအား ဒဏ်ကြေးအဖြစ် တစ်ရက် တစ်သိန်းကျပ်သတ်မှတ်ကောက်ခံထားကြောင်းလည်းသိရသည်။

Author