Control center စနစ်လုပ်ဆောင်နေသည့် တရုတ်ကုမ္ပဏီသည် ထွက်ပြေးခြင်းမရှိဘဲ ယာဉ်ကြောထိန်းချုပ်မှု ဆက်လက် လုပ်ဆောင်နေ

0

Full article

Control centre စနစ်လုပ်ဆောင်နေသည့် တရုတ်နိုင်ငံ၏ အကြီးဆုံး CRCC ကုမ္ပဏီသည် ထွက်ပြေးခြင်းမရှိဘဲ ယာဉ်ကြောကြည့်ကြပ်ထိန်းချူပ်မှု လုပ်ငန်းများကို လုပ်ဆောင်နေလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့ မှူးရုံးက သိရပါသည်။

"တရုတ်နိုင်ငံရဲ့ CRCC ကုမ္ပဏီနဲ့ မြန်မာရွေယင်းကုမ္ပဏီတို့ ပူးပေါင်းပြီးလုပ်ဆောင်နေတာပါ။ တရုတ်ကုမ္ပဏီက ထွက်ပြေးသွားတယ်လို့ သတင်းတွေထွက်နေတယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။ တရုတ်နိုင်ငံမှာ အကြီးဆုံးကုမ္ပဏီ တစ်ခုဖြစ်လို့ တာဝန်ယူထားတာပါ "လို့ ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးက တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။

ရန်ကုန်တွင် ယာဉ်များသွားလာမှုကို ဗဟိုထိန်းချူပ်ရေး control centre လုပ်ဆောင်ရန် တရုတ်နိုင်ငံ၏ အကြီးဆုံး CRCC ကုမ္ပဏီ နှင့် မြန်မာရွေယင်းကုမ္ပဏီတို့က ယခင်အစိုးရအဖွဲ့နှင့် စာချူပ်ချူပ်ဆိုထားရှိပြီး ၂ဝ၁၆ ခုနှစ် သြဂုတ်လတွင် အပြီးသတ်လုပ်ဆောင်ရမည်ဟု သတ်မှတ်ထားရှိသော်လည်း သတ်မှတ်ချိန်တွင် မပြီးစီးသောကြောင့် စာချူပ်ချူပ်ဆိုထားသောကုမ္ပဏီမှ တစ်ရက်ကို ဒဏ်ကြေး ၁သိန်း ပေးဆောင်နေရကြောင်း သိရ သည်။

ယာဉ်စည်းကမ်းဖောက်ဖျက်မောင်းနှင်သည့် မော်တော်ယာဉ်များကို control centre မှ တဆင့် တိုက်ရိုက်ထိန်းချုပ် စစ်ဆေးသွားမည်ဖြစ်ပြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေး ဥပဒေအရ စတင်အရေးယူနိုင်ရန် လုပ်ဆောင်သွားတော့မည် ဖြစ်ကြောင်း သိရပါသည်။

R-01

R-01

Author