control centre စနစ် လုပ်ကိုင်ရန် စာချုပ်ချုပ်ဆိုထားသော မြန်မာရွှေယင်း ကုမ္ပဏီအား စာချူပ်ဖျက်သိမ်း၍ အသစ်စတင်လုပ်ဆောင်ရန်ရှိ

0

Full article

control centre စနစ် လုပ်ကိုင်ရန် စာချုပ်ချူပ်ဆိုထားသော မြန်မာရွှေယင်း ကုမ္ပဏီအား စာချူပ်ဖျက်သိမ်း၍ အသစ်စတင်လုပ်ဆောင်ရန် ရှိနေသည်ဟု control centre နှင့် ပတ်သက်၍ လေ့လာနေသည့် တိုင်းဒေသကြီး လွတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောကြား သည်။

control centre စနစ်ကို တရုတ်နိုင်ငံ CRCC ကုမ္ပဏီ နှင့် မြန်မာရွေယင်းကုမ္ပဏီက တာဝန်ယူလုပ်ဆောင်နေရာ ၂ဝ၁၆ ရှစ်လပိုင်းက ပြီးရန် သတ်မှတ်ထားသော်လည်း ယနေ့အထိ control centre စနစ်မှာ ပြည့်စုံစွာ မပြီးဆီးသေး၍ စာချူပ်ချူပ်ဆိုထားသည့် မြန်မာရွှေယင်း ကုမ္ပဏီအား စာချူပ်ဖျက်သိမ်းရန် လုပ်ဆောင်ခြင်းဖြစ်သည်ဟု သိရပါသည်။

"control centre စနစ်က ဒီနေ့အထိ စာချူပ်ထဲကအတိုင်း မပြီးစီးသေးဘူး။ စာချူပ်ချူပ်ထားတဲ့ မြန်မာရွေယင်း ကုမ္ပဏီကို စာချူပ်ဖျက်သိမ်းမယ်လို့ ကြားတယ်။ မီးပွိုင့် ၁၅၄ ခုက တပ်ထားတာ စနစ်တွေက အလုပ်လုပ်လို့ အပြည့်အဝ အခုအထိမရသေးဘူး။"ဟု တိုင်းဒေသကြီး လွတ်တော်ကိုယ်စားလှယ် တစ်ဦးက ပြောကြားသည်။

ယာဉ်သွားလာမှု များ ထိန်းချူပ်စောင့်ကြည့်မည့် control centre စနစ်လုပ်ဆောင်နေမှုကို ၂ဝ၁၆ ခုနှစ် သြဂုတ်လတွင် အပြီးလုပ်ဆောင်ရမည်ဟု သတ်မှတ်ထားရှိသော်လည်း အချိန်အားဖြင့် ၁ နှစ်ကျော် ကြာမြင့်နေပြီး သတ်မှတ်ချိန်အထိ မပြီးစီး၍ စာချူပ်ချူပ်ဆိုထားသောကုမ္ပဏီမှ တစ်ရက်ကို ဒဏ်ကြေး ၁သိန်း ပေးဆောင်နေရသည်ဟု သိရသည်။

L-01

Unicode Version






L-01

Author