Control Center ပြီးစီးရန် အချိန် ၃ လခန့် လိုသေးဟုဆို

0

Full article

![](/redline/content/images/2017/06/12121-300x200.jpg)

_ Photo Credit_

ရန်ကုန်မြို့ ယာဉ်သွားလာမှူများကို စောင့်ကြည့်မည့် Control Center အားတည်ဆောက်လျက်ရှိရာ ပြီးဆုံးရန် အချိန် သုံးလ ခန့် လိုသးကြောင်း သွားရောက်စစ်ဆေးခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးအမှတ် ၂ ယာဉ်ထိန်းတပ်ဖွဲ့ခွဲမူးရုံးကသိရပါတယ်။ Control Center ဗဟိုထိန်းချုပ်မှုစင်တာ ပြီးစီးဖို့ အချိန် ၃လလာက်လို ဦးမှာပါ။ အခုလက်ရှိတော့ တစ်ချိူ့ မီးပွိုင့်တွေစမ်းသပ်ပြီး လုပ်ဆောင်နေပါတယ်။ အခုလက်ရှိ မြို့ နယ် ၄ ခုကို အောတိုစနစ် နဲ့လုပ်နေပါတယ်။ ဟု အမှတ် ၂ ယာဉ်ထိန်းတပ်ဖွဲ့ခွဲမူးရုံးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ရန်ကုန်မြို့ ယာဉ်သွားလာမှူများကို စောင့်ကြည့်သွားမည့် ဗဟိုထိန်းချုပ်ရေးcontrolစင်တာအား အကောင်အထည်ဖော်မှုကို ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီအာဏာပိုင်အဖွဲ့စတင်ဖွဲ့စည်းခဲ့သည့် ကာလမှ စတင်ခဲ့ခြင်းဖြစ်သည်။ စီမံကိန်းကာလ သတ်မှတ်ချက်အရ ၂ဝ၁၆ ဩဂုတ်လတွင် ပြီးစီးရမည်ဟုသတ်မှတ်ထားသည်။ သတ်မှတ်ချိန်ကာလအတွင်း တည်ဆောက်မှုမပြီးစီးခြင်းကြောင့် တည်ဆောက်နေသည့်ကုမ္ပဏီအား ဒဏ်ကြေးအဖြစ် တစ်ရက် တစ်သိန်းကျပ်သတ်မှတ်ကောက်ခံထားကြောင်းလည်းသိရသည်။ အစက ၂ဝ၁၆ ဩဂုတ်ထဲကပြီးမယ်ပြောတယ်။ မပြီးဘူး။ ပြီးတော့ ၂ဝ၁၇ သင်္ကြန်ပြီးရင်ပြီးမယ်လို့ပြောတယ်။ မပြီးပြန်ဘူး။ အခုသွားကြည့်တော့လည်း နောက်တစ်လခွဲလောက်ကြာဦးမယ်ပြောတယ်။ ကျွန်တော်ကတော့ မထင်ဘူး။ မပြီးနိုင်သေးဘူး။ ဒဏ်ကြေး တစ်ရက်တစ်သိန်းဆောင်တာက ဆောင်တာပဲ။ ကုမ္ပဏီဘက်ကလညာ် ဆက်သွင်းပါ့မယ်ပြောတယ်။ ဒါပေမယ့် အချိန်တွေကြာတာနဲ့အမျှ တော်တော်ဒုက္ခရောက်တယ်။ တစ်လခွဲဆိုတာတောင် ထင်ကြေးပဲရှိသေးတယ်။ ဟု ဦးကျော်ဇေယျမှ ဆက်လက်ပြောပြခဲ့သည်။

ခေတ်သစ်

Author