ယာဉ်သွားလာမှုစောင့်ကြည့် ထိန်းချုပ်ရေးစင်တာတည်ဆောက်မှု ရာနှုန်းပြည့် ပြီးစီး

0

Full article

ရန်ကုန်မြို့တွင် ယာဉ်သွားလာမှုများကို ခေတ်မှီမီးပွိုင့် များကနေတစ်ဆင့် စောင့်ကြည့်ထိန်းချူပ်မည့် ဗဟိုထိန်းချုပ်ရေးစင်တာတည် ဆောင်မှု မှာ ရာနှုန်းပြည့်ပြီးစီးနေပြီ ဖြစ်ပြီး ထိန်းချုပ်ရေးစင်တာ၏ လုပ်ငန်း အလုံးစုံလည်ပတ်မည့် ရက်ကို မကြာမီထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်းလျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက် သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော် ကပြောကြားသည်။

"ထိန်းချုပ်ရေးစင်တာနဲ့ပတ် သက်တဲ့စာချုပ် ယခင်အစိုးရလက် ထက်ကာလက ချုပ်ဆိုခဲ့တာဖြစ် တဲ့အတွက် လုပ်ငန်းအကောင်အ ထည်ဖော်ရာမှာ စာချုပ်တွေကိုပါ ညှိနှိုင်းရတာတွေရှိပါတယ်။ ချိတ် ဆက်ဆောင်ရွက်ရတဲ့ လုပ်ငန်းစဉ် အဆင့်တွေက များပြားတာကြောင့်နောက်ဆုံးအဆင့်ကို မရောက်ခင်မှာတော့ အချိန်ယူဆောင်ရွက်ရ တာဖြစ်တဲ့အတွက် အခုချိန်မှာ အတိအကျမပြောနိုင်သေးသော်လည်း မကြာခင်မှာ ဒီ အဖြေကို ထုတ်ပြန်ပေးနိုင်မှာဖြစ် ပါတယ်"ဟု လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက် သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော် ကရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်အစည်းအဝေးတွင်ပြောကြားခဲ့သည်။

ဒဂုံမြို့နယ်မဲဆန္ဒနယ်အ မှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ်ဦးကျော်ဇေယျမှ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင် ရေးကြီးကြပ်ကွပ်ကဲမှုအာဏာ ပိုင်အဖွဲ့ (YRTA)၏ အနီးကပ် ကြီးကြပ်မှုဖြင့် ယာဉ်ကြောကျပ် တည်းမှုအား အတိုင်းအတာတစ် ရပ်အထိဖြေရှင်းပေးနိုင်ရေးနှင့် YBS ယာဉ်များ စည်းကမ်းထိန်း သိမ်းရေးအတွက် ဒဂုံမြို့နယ် အလုံ လမ်းတွင်ဆောင်ရွက်နေသော ခေတ်မီမီးပွိုင့်ထိန်းချုပ်ရေးစင်တာမှာ မည်သည့်နေ့ရက်တွင် တည်ဆောက်ပြီးစီးမည်ကိုသိရှိလိုကြောင်းဇွန် ၈ရက်ကရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်အစည်းအဝေးမှာမေးခဲ့ရာ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက် သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော် က အထက်ပါအတိုင်း ထည့်သွင်း ဖြေကြားခဲ့ခြင်းဖြစ်
ပါသည်။

ရန်ကုန်မြို့တွင်း စည်းကမ်း ဖောက်ယာဉ်များကို အလိုအလျောက် စောင့်ကြည့်မှတ်တမ်းတင် အရေး ယူမည့် ခေတ်မှီမီးပွိုင့်များတပ်ဆင်မှုကို သမ္မတ ဟောင်းဦးသိန်းစိန်က သမ္မတအသုံး စရိတ်ထဲမှ ကျပ်ဘီလီယံ ၂ဝ ချထား ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်တွင် ယာဉ်များသွားလာမှုကို ဗဟိုထိန်းချူပ်ရေး control centre လုပ်ဆောင်ရန် တရုတ်နိုင်ငံ ၏ အကြီးဆုံး CRCC ကုမ္ပဏီ နှင့် မြန်မာရွေယင်း ကုမ္ပဏီ တို့်မှ ယခင်အစိုးရအဖွဲ့နှင့် စာချူပ်ချူပ်ဆိုထားရှိပြီး ၂ဝ၁၆ ခုနှစ် သြဂုတ်လတွင် အပြီးလုပ်ဆောင်ရမည်ဟု သတ်မှတ်ထားရှိသော်လည်း အချိန်အားဖြင့် ၁ နှစ်ကျော် ကြာမြင့်နေလျက်ရှိရာ သတ်မှတ်ချိန်အတွင်း မပြီးစီး၍ စာချုပ်ချုပ်ဆိုထားသောကုမ္ပဏီမှ တစ်ရက်ကို ဒဏ်ကြေး ၁သိန်း ပေးဆောင်နေရကြောင်း သိရပါသည်။

infrastructure
Breaking News

Author