ပြစ်မှုဖြစ်ပွားသောကားများနှင့် လိုင်စင်မဲ့ကားများ control center က စောင့်ကြည့်ဖမ်းဆီးမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်ဆို

0

Full article

ရန်ကုန်တိုင်းဒေသကြီးတွင် ပြစ်မှုကျူးလွန်ထားသောကားများနှင့် တရားမဝင် လိုင်စင်မဲ့ without ကားများ ကို control centre က တဆင့် စောင့်ကြည့် ဖမ်းဆီးနိုင်ရန် လုပ်ဆောင်မည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်က ယနေ့ကျင်းပပြုလုပ်သော(၁၆.၁.၂ဝ၁၈) ရန်ကုန်ဘတ်စ်ကားဝန်ဆောင်မှု YBS တစ်နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားတွင် ပြောကြားသွားခဲ့သည်။

"လမ်းပေါ်မှာသွားနေတဲ့ ကားတွေကို control Centre နဲ့ချိတ်ဆက်ထားမှာဖြစ်ပါတယ်။ မီးပွိုင့်မှာ ဖြတ်သွားတဲ့ကားတွေကိုလည်း စောင့်ကြည့်နေမှာဖြစ်ပါတယ်။ ရန်ကုန်တိုင်းမှာ ပစ်မှုကျူးလွန်တဲ့ကားတွေနဲ့ တရားမဝင် without ကားတွေ ဖြတ်သန်းသွားလာရင်လည်း စောင့်ကြည့်နေမှာဖြစ်ပါတယ်။"ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ရန်ကုန်ဘတ်စ်ကားဝန်ဆောင်မှု YBS တစ်နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားတွင် ပြောကြားသွားခဲ့သည်။

Traffic Control Center မှ မျဉ်းဝါဖြတ်ခြင်း၊ ရပ်မျဉ်းတွင်မရပ်ခြင်း၊ မီးနီဖြတ်ခြင်းနှင့် ပြိုင်မောင်းခြင်း စသည့် စည်းကမ်း လိုက်နာမှုမရှိသည့် မော်တော်ယာဉ်များကို နည်းပညာမြင့်သည့် view camera များဖြင့်ကြည့်ရှုကာ ၄င်းတို့၏ဆောင်ရွက်မှုများကို မှတ်တမ်းတင်ထားပြီး အရေးယူမှုများပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

၂ဝ၁၇ ခုနှစ်တွင် ရန်ကုန်တိုင်းအတွင်း ဖမ်းဆီးရရှိခဲ့သော တရားမဝင် လိုင်စင်မဲ့ကားအစီးရေ ၁၄ဝ အထိ ဖမ်းဆီးရရှိခဲ့ ပြီး လိုင်စင်မဲ့ကားအများစုမှာ ရန်ကုန်တိုင်းနှင့် မွန်ပြည်တို့တွင် အများဆုံး ဖမ်းဆီးရရှိခဲ့ကြောင်းသိရသည်။

P-01

Author