Full article

ကမ်းနားလမ်းသစ်ပေါ်တွင် တည်ဆောက်လျက်ရှိသည့် ကုန်သေတ္တာတင်ယာဉ် ရပ်နားစခန်း(အလုံ) တည်ဆောက်ရေး လုပ်ငန်းများ ၇၅ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)မှသတင်းရရှိသည်။

container

အဆိုပါယာဉ်ရပ်နားစခန်းတွင် ကုန်သေတ္တာတင်ယာဉ်(၃၂ဝ)ခန့်ရပ်နားနိုင်မည်ဖြစ်ပြီး ကမ်းနားလမ်းသစ်ကြီးပေါ် တွင်တည်ရှိကာ အကျယ်အဝန်း(၁ဝ ဒသမ ၅၆၅ဧက) ကျယ်ဝန်းကြောင်းလည်းသိရသည်။ကွန်ကရစ်နှစ်လွှာ ကြမ်းခင်းအမျိုးအစားဖြစ်ပြီး ယာဉ်ရပ်နားစခန်းပတ်လည်တွင် ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများ ထည့်သွင်းတည်ဆောက်ထားကြောင်းသိရှိရသည်။

ကြည့်မြင့်တိုင်မြို့နယ်၊ ထီးတန်းဆိပ်ကမ်းမှ ဗိုလ်တစ်ထောင်မြို့နယ်ရှိ ဆိပ်ကမ်းနေရာများအထိ ကမ်းနားတစ်လျှောက် ကုန်သေတ္တာယာဉ်များ အဆင်ပြေသလို ရပ်တန့်မှုများရှိနေခဲ့ပြီး ယင်းယာဉ်ကြီးများကြောင့်ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်ပေါ်လျက်ရှိသည်။ ကုန်သေတ္တာတင်ယာဉ်ကြီးများကြောင့် ဖြစ်ပေါ်လာမည် ယာဉ်ကြောပိတ်ဆို့မှု များရှင်းလင်းနိုင်ရန် ရည်ရွယ်၍ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။

Automobile Weekly Car Journal မှကူးယူဖော်ပြသည်။

Photo credits to sludgegulper

Author

Comments