ရန်ကုန်မြို့အတွင်း ကုန်တင်ယာဉ်ကြီးများကို ည ၉နာရီ မနက် ၆ အတွင်းဖြတ်သန်းခွင့်ပေးမည်

0

Full article


ရန်ကုန်မြို့အတွင်း ယာဉ်ကြောပိတ်ဆို့တာကို ဖြေလျော့နိုင်ရန် ကုန်တင်ယာဉ်၊ကုန်သေတ္တာယာဉ်၊အအေးခန်းကုန်သေတ္တာယာဉ်၊ယာဉ်နဲ့ကုန် ၉တန်ထက်ပိုနေတဲ့ကားများကို သတ်မှတ်ထားတဲ့လမ်းကြောင်းများအတိုင်း ည ၉နာရီကနေ မနက် ၆ နာရီအထိပဲသွားလာခွင့်ပေးသွားမယ်လို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ကပြောပါတယ်။ရန်ကုန်မြို့အတွင်း ယာဉ်ကြောပိတ်ဆို့တာကို ဖြေလျော့နိုင်ရန် ကုန်တင်ယာဉ်၊ကုန်သေတ္တာယာဉ်၊အအေးခန်းကုန်သေတ္တာယာဉ်၊ယာဉ်နဲ့ကုန် ၉တန်ထက်ပိုနေတဲ့ကားများကို သတ်မှတ်ထားတဲ့လမ်းကြောင်းများအတိုင်း ည ၉နာရီကနေ မနက် ၆ နာရီအထိပဲသွားလာခွင့်ပေးသွားမယ်လို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ကပြောပါတယ်။

ကုန်တင်ယာဉ်နဲ့ကုန်သေတ္တာယာဉ်တွေသွားလာနေတဲ့အတွက် ယာဉ်ကြောပိတ်ဆို့မှူတွေဖြစ်နေလို့ အချိန်သတ်မှတ်သွားလာခွင့်ပေးတာဖြစ်ပါတယ်လို့ပြောပါတယ်။

ကုန်သေတ္တာယာဉ်များ ဖြတ်သန်းအသုံးပြုမောင်းနှင်ရမည့် လမ်းကြောင်းများမှာ ကမ်းနားလမ်း၊ ဘုရငေ့်နာင်လမ်း၊ အောက်မင်္ဂလာဒုံလမ်း၊ ဗိုလ်တထောင်ဘုရားလမ်း၊ မဟာဗန္ဓုလတံတားအားဖြတ်ကာ ရှုခင်းသာလမ်း၊ သာကေတအဝိုင်း၊ သံသုမာလမ်း၊ ဧရာဝဏ်လမ်း၊ ပဲခူးမြစ်လမ်း၊ ကနောင်မင်းသားကြီးလမ်း၊ အောင်ဇေယျလမ်းတို့ကို အသုံးပြုခွင့်ပေးထားတယ်လို့သိရပါတယ်။

ခေတ်သစ်

Author